Thursday, March 20, 2014

တရားမ၀င် ယိုးဒယား ဆီတင်လှေ (သံခွံ) တစ်စီးအား တပ်မတော် (ရေ)က ဖမ်းဆီး

တနင်္သာရီ ရေတပ်စခန်း ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ ဗိုလ်မှူး စိုင်းမောင်မောင် ဦးစီး အမှတ် (၅၅၆) စစ်ရေယာဉ် သည် ပင်လယ်ပြင် စိုးမိုးရေး ဆောင်ရွက်နေစဉ် မြန်မာရေပိုင်နက် အတွင်းရှိ စူလာကျွန်း အနောက်မြောက်ဖက် မိုင် ၁၂၀ ခန့်အကွာ၌ မြန်မာ့ရေပြင် ပိုင်နက် အတွင်း ခိုးဝင်လာသည့် ယိုးဒယား စာတမ်းပါ  စက်မကြီး CUMMINS INLINE KTA 19 – M3 (6) လုံးထိုး အမျိုးအစား မြင်းရေကောင် (၆၄၀) ခန့် အင်ဂျင်တပ်ဆင် ထားသည့် အလျား (၉၅)ပေ ၊ အနံ (၁၈) ပေ၊ ရေစူး (၁၀)ပေ အရွယ်ရှိ တရားမ၀င် ယိုးဒယား ဆီတင်လှေ (သံခွံ) တစ်စီးအား ၂၀၁၄ ခုနှစ် မတ်လ (၁၇) ရက်နေ့ ည (၁၀) နာရီ အချိန်ခန့်၌ မြန်မာ သင်္ဘောသား (၆) ဦးနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 



အဆိုပါ ဖမ်းဆီးရမိသော ဆီတင်လှေ၊ ပစ္စည်းနှင့် တရားခံများအား တရားစွဲဆိုနိုင်ရေး တပ်မတော်(ရေ)မှ မြိတ်မြို့နယ် ရဲတပ်ဖွဲ့ စခန်းသို့ လုပ်ထုံးလုပ်နည်းနှင့် အညီ လွဲအပ်ထားပြီး မြိတ်မြို့မ ရဲစခန်းမှ တရားစွဲဆို ဆောင်ရွက်နိုင်ရေး စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။ 

ဓာတ်ပုံ - ဖမ်းဆီးမိသော လှေအား မြိတ်မြို့ ဆိပ်ငယ်တံတားတွင် တွေ့ရစဉ်

0 comments: