Monday, March 24, 2014

ဘုရားကိုင်ချောင်း ရေစီးရေလာ ကောင်းမွန်ရေး အမြန်ဆုံး ကူညီဆောင်ရွက်ပေး ပါရန်



မြိတ်မြို့ ဘုရားကိုင်ချောင်းကြီးသည် ရပ်ကွက်() ရပ်ကွက်ရဲ့ အဓိက အားထားရချောင်းကြီး ဖြစ်ပါသည်၊ ကျွန်တော်တို့ငယ်စဉ်က ဘုရားကိုင်ချောင်းကြီးသည် သစ်ခုတ်လှေ၊ ဓနီဖက် တင်ဆောင်သောလှေ များသည် မြိတ်တောင် မြို့ပတ်လမ်းပေါင်းကူး တံတားထိ ဆိုက်ကပ်နိင်ပါသည်




ယခုဆိုရင် လူတွေရဲ့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း၊ လောဘသားတွေရဲ့ ဧရိယာ တိုးချဲ့ခြင်း၊ ချောင်းရိုးတလျှောက် ကျူးကျော်အိမ်များ ဆောက်လုပ်ခြင်း များကြောင့် ဘုရားကိုင်ချောင်းကြီး ဟာ တိမ်ကော ပျောက်ကွယ်လု နီးပါးဖြစ်နေပါပြီ။
နှစ်စဉ် မိုးရာသီရောက်တိုင်း ရပ်ကွက်များ လမ်းမျာရေလျှံခြင်းများဖြစ်ပေါ်နေ ပါတယ် ။ ချောင်းသွယ် မြောင်းသွယ်များ ဘယ်လောက် တူးဖေါ် တူးဖေါ် ပင်မချောင်းကြီးဟာ ရေမဆင်းနိင်ရင် လမ်းတွေပျက်စီး အိမ်တွေ ရေမြုပ် နေမှာပါပဲ။ 
ဒါကြောင့် မိုးရာသီ မရောက်ခင် ဘုရားကိုင်ချောင်းကြီးအား ရေစီးရေလာ ကောင်းမွန်ရေ အမြန်ဆုံး ပြုလုပ်ပေးပါရန် သက်ဆိုင်ရာဋ္ဌါနနှင့် လူကြီးမင်းများ သိရှိ ကူညီပေးပါရန် အများသူငှာ ကိုယ်စားလေးစားစွာဖြင့်တင်ပြအပ်ပါသည။်

ကိုရဲ(မြိတ်)

0 comments: