Monday, March 31, 2014

၂၀၁၄ခုနှစ် အခြေခံ စာတတ်မြောက်ရေး လုပ်ငန်း ကွင်းဆင်း ဆောင်ရွက်မည့် မြိတ်တ္ကသိုလ်မှ ကျောင်းသား/ သူများ ကော့သောင်းမြို့သို့ ထွက်ခွာ

၂၀၁၄ခုနှစ် အခြေခံ စာတတ်မြောက်ရေး လုပ်ငန်း ကွင်းဆင်း ဆောင်ရွက်မည့် မြိတ်တ္ကသိုလ်မှ ကျောင်းသား/ သူများ ကော့သောင်းမြို့သို့ ထွက်ခွာ

( မြိတ် မတ် ၃၀ ရက် )

၂၀၁၄ခုနှစ် အခြေခံ စာတတ်မြောက်ရေး လုပ်ငန်း ကွင်းဆင်း ဆောင်ရွက်မည့် မြိတ်တက္ကသိုလ်မှ ကျောင်း သား/သူများသည် မတ်လ(၃၀)ရက် နံနက်(၇း၅၀)နာရီ က မြိတ်မြို့ မှ ကော့သောင်းမြို့သို့ Forture အမြန်ရေ ယာဉ် 727 ဖြင့် ထွက်ခွာသွား ခဲ့သည်။



အဆိုပါ အခြေခံစာတတ်မြောက်ရေး လုပ်အားပေးကွင်းဆင်းဆောင်ရွက် မည့် ကျောင်းသား/သူ (၁၀၉) ဦးအား ဓာတုဗေဒဌာန လက်ထောက်ကထိက ဦးထွန်းဦးမှ ဦးဆောင်၍ ကြီးကြပ်ဆရာ/မ(၁၁)ဦး စုစုပေါင်း (၁၂၀)ဦးသည် ကော့သောင်းမြို့နယ် အတွင်းရှိ အသက်(၁၄) နှစ်မှ(၄၅)နှစ်အတွင်း စာမတတ်သူများကို ဧပြီလ (၁) ရက်နေ့မှ မေလ(၁၅)ရက်နေ့အထိ အခြေခံ စာတတ်မြောက်ရေး အတွက် သင်တန်းများပို့ချ သွားမည်ဖြစ် သည်။

အခြေခံ စာတတ်မြောက်ရေး ကွင်းဆင်း အဖွဲ့အား မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် ဌာနဆိုင်ရာ များ၊ ပါမောက္ခချုပ် ဒေါက်တာစီစီလှဘူးနှင့် ဆရာ/မများက မြိတ်မြို့ ဆိပ်ငယ်ဘောတံတားတွင် ဂုဏ်ပြု ပို့ဆောင် ခဲ့ကြပြီး တာဝန်ရှိသူများမှ ကြုံတွေ့ရမည့် အခက်အခဲများနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းများ ကို စေတနာ အရင်းခံပြီး ကြိုးစား ဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။

0 comments: