Friday, March 14, 2014

မြိတ်မြို့တွင် တက္ကသိုလ် အဆင့် ဆင့်ပွား အခြေခံ စာတတ်မြောက်ရေး နည်းပြသင်တန်းဖွင့်လှစ်




မြန်မာနိုင်ငံ ပညာရေး သုတေသနအဖွဲ့  ၂၀၁၄ခုနှစ် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်း တက္က သိုလ် အဆင့် ဆင့်ပွားအခြေခံ စာတတ်မြောက်ရေး နည်းပြသင်တန်းကို မတ်လ(၁၃)ရက် နံနက်()နာရီက မြိတ်တက္ကသိုလ်တွင် ကျင်းပရာ ရှေးဦးစွာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက အမှာစကားပြောကြား သည်။



ယင်းနောက် မြိတ်တက္ကသိုလ် တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာစီစီလှဘူးက ဆင့်ပွားအခြေခံ စာတတ် မြောက်ရေး နည်းပြ အဖြစ် ဆောင်ရွက်ကြမည့် လုပ်အားပေးကျောင်းသား/ သူများအား ကြုံတွေ့ရမည့် အခက် အခဲများနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို စေတနာ အရင်းခံပြီး ကြိုးစား ဆောင်ရွက်ကြရန် ပြောကြားသည်။ ဆက်လက်၍ ဓာတုဗေဒဌာန လက်ထောက် ကထိက ဦးထွန်းဦးက နည်းပြ သင်တန်းပို့ချရေး အခြေခံ စာစဉ်များ၊ သင်ပြ နည်းလမ်းညွှန်များနှင့် အခြေခံ စာတတ်မြောက်ရေး အကြောင်း တို့ကို ရှင်းလင်းတင်ပြပြီး ဖွင့်ပွဲ အခမ်း အနား ရုပ်သိမ်း၍ သင်တန်းစတင်ကာ သင်ခန်းစာများ ပို့ချသည်။

သင်တန်းတွင် မြန်မာစာ သင်ပြနည်းပို့ချချက်၊ သင်္ချာသင်ပြနည်းပို့ချချက် သင်ခန်းစာများနှင့် စာတတ် မြောက်ရေး လှုံ့ဆော်မှု ဇာတ်လမ်း၊ ဆရာကြီး ဦးသုခ၏ အသုံးလုံး ရုပ်ရှင် ဇာတ်လမ်းများ ပြသ ဆောင်ရွက်ခဲ့ ကြပြီး ပါမောက္ခချုပ်၊ နည်းပြများက အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကို ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်မည့် လုပ်အားပေး ကျောင်းသား/ သူများအား ဆောင်ရွက်ရမည့် အချက်များကို မှာကြားခဲ့ကြပြီး အခမ်းအနား ရုပ်သိမ်း လိုက်သည်။

အဆိုပါသင်တန်းကို အခြေခံ စာတတ်မြောက်ရေး ဆင့်ပွားနည်းပြ အဖြစ် လုပ်အားပေး ဆောင်ရွက်မည့် ကျောင်းသား/သူ (၁၀၉)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်း တက်ရောက် ခဲ့သော ကျောင်းသား/ သူများမှ ကြီးကြပ် ဆရာ/(၁၁) ဦးဖြင့် ကော့သောင်းမြို့နယ်အတွင်းရှိ အသက်(၁၄) နှစ် မှ(၄၅)နှစ် အတွင်း စာမတတ်သူများကို ဧပြီလ() ရက်နေ့မှ မေလ(၁၅)ရက်နေ့ အထိ အခြေခံ စာတတ်မြောက်ရေး အတွက် သင်တန်းများ ပို့ချသွားမည် ဖြစ်ကြောင်း  သတင်းရရှိသည်။

မြိတ် ပြန်ဆက်

0 comments: