Monday, March 17, 2014

သိရှိသူများ ကူညီ အကြောင်းကြား ပေးပါရန်

အောက်ဖော်ပြပါ ဓာတ်ပုံရှင်သည် (၁၅-၃-၂၀၁၄)ရက်နေ့ ည(၇) နာရီ အချိန်ခန့် မြိတ် - ကျွဲကူး လမ်းမကြီး ရွှေပေးကျေးရွာအနီးတွင် မြိတ်မှ ကျွဲကူးဖက်သို့  မောင်းနှင်လာစဉ် ဂျစ်ကား တစ်စီးနှင့် ချိတ်မိပြီး ဦးခေါင်း ဒဏ်ရာရကာ  သေဆုံးခဲ့ပါသည်။ အဆိုပါ သေဆုံးသူအား မြိတ်ဆေးရုံကြီးရှိ ရင်ခွဲရုံတွင် စစ်ဆေးပြီး ထားရှိပါသည်။




ယခုအချိန် (၁၇-၃-၂၀၁၄) ရက်နေ့ နေ့လည်ပိုင်း အချိန်ထိ ၄င်းနှင့် ပတ်သက်သည့် ဆွေမျိုးသားချင်းများ သက်ဆိုင်ရာ အုပ်ချုပ်ရေးရုံးနှင့် ရဲစခန်းများသို့ ဆက်သွယ်ခြင်း မရှိသေးပါ။

၎င်းဓာတ်ပုံရှင်အား သိရှိသူများ အကြောင်းကြားပေးကြပါရန် မေတ္တာ ရပ်ခံအပ် ပါသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့် ဂျစ်ကားမောင်းနှင်းသူကိုလည်း  ရဲစခန်းမှ ဖမ်းဆီးထားပြီး ယာဉ် (ပ) ၁၃/၂၀၁၄ ၊ ပုဒ်မ ၃၀၄(က) ဖြင့် စစ်ဆေးလျက် ရှိပါသည်။

၎င်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် ဓာတ်ပုံမှာ ကိုလည်း ဖော်ပြအပ် ပါသည်။




0 comments: