Thursday, March 20, 2014

မြိတ်မြို့တွင် ဇိဝိတဒါန သံဃာတော်နှင့် သီလရှင်များ၏ ကုသိုလ်ဖြစ် ပြင်ပ ဆေးကုသဆောင် တည်ဆောက်ပြီးစီး



မြိတ်မြို့ အထက်ရေပုန်းရပ် စပါးရွှေဝါလမ်းတွင် ဒေသခံ ပြည်သူများနှင့် စေတနာရှင် အလှူရှင်များ၏ စုပေါင်း လှူဒါန်းငွေဖြင့် တည်ဆောက် ပြီးစီးခဲ့သော ခမ်းနားထည်ဝါ လှသည့် ဇိဝိတဒါန သံဃာတော်နှင့် သီလရှင် များ၏ ကုသိုလ်ဖြစ်ပြင်ပ ဆေးကုသဆောင် အဆောက် အဦသည် မြိတ်မြို့နေ ပြည်သူများ၏ ကျယ်ပြန့်လှသော ပရဟိတ သာသနာပြု လုပ်ငန်းကို ဆောင်ရွက်နေသည့် ဂုဏ်ဒြပ်ကို ဖော်ဆောင် လျက်ရှိပေသည်။




ဇိဝိတဒါန သံဃာတော်နှင့် သီလရှင်များ၏ ကုသိုလ်ဖြစ် ပြင်ပ ဆေးကုသဆောင်ကြီး ကို သြ၀ါဒ စရိယ ဆရာတော်ကြီးများနှင့် ဇိဝိတဒါန သံဃာတော်နှင့် သီလရှင်များ ကုသိုလ်ဖြစ်ပြင်ပဆေးကုခန်း ကြီးကြပ်မှု ကော်မတီတို့မှ မြိတ်ဒေသနှင့် နယ်ဝေးမှ လာရောက် ကုသသည့် အာဂန္တု သံဃာတော်များ အခြား မြို့နယ်ကျေးရွာ များမှ သံဃာတော်များ ဆေးခန်းသို့လာရောက် ဆေးကုသရာတွင် လမ်းခရီးအခက်အခဲများ၊ အချို့ဂီလာန သံဃာတော် သီလရှင်များမှာ ()ရက်()ရက်ခန့် ဆေးကုသရန် လိုအပ်ပြီး သက်သာပျောက်ကင်းမှ မိမိတို့ ဒေသသို့ ပြန်လည်ကြွရောက်တော် မူကြသဖြင့် ၄င်းအခက်အခဲများ အဆင်ပြေချောမွေစေရေး ရည်ရွယ်၍ ပြင်ပဆေးကုသဆောင်ကြီးကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ယခင်က သံဃာတော်နှင့် သီလရှင်များ ပြင်ပ ဆေးကုသရေး အတွက် ၂၀၀၃ခုနှစ် သြဂုတ်လ (၁၀) ရက် နေ့တွင် မြစ်ငယ်ရပ် ဘုရားကြီးလမ်း စံကျောင်းအနီးရှိ အဆောက်အဦတွင် ဇိဝိတဒါန သံဃာတော်နှင့် သီလရှင် များ၏ ကုသိုလ်ဖြစ် ပြင်ပဆေးကုခန်းကို ဖွင့်လှစ်ခဲ့ပြီး စေတနာရှင်အလှူရှင်များ၏ လှူဒါန်းငွေဖြင့် သံဃာတော် နှင့် သီလရှင်များ ဆေးကုသရာတွင် ဆေးဝါးများ ၀ယ်ယူကုသနိုင် ရန် ဆေးပဒေသာပင်များ စိုက်ထူ၍ အငြိမ်း စား ဆရာဝန်ကြီးများ၊ သမားတော်များ၊ အထူးကု ဆရာဝန်ကြီးများ၊ တိုင်းရင်းဆေး ပညာရှင် သမားတော်များမှ အချိန်ပိုင်း နေ့စဉ် အလှည့်ကျ ဥာဏ လုပ်အား ကုသိုလ်ယူကြကာ စေတနာဖြင့် ကုသပေးလျက်ရှိသည်။

အဆိုပါ ဇိဝိတဒါန သံဃာတော်နှင့် သီလရှင်များ၏ ကုသိုလ်ဖြစ် ပြင်ပဆေးကုခန်းဖြင့် သံဃာတော် နှင့် သီလရှင်များ ဆေးကုသလျက် ရှိရာ ဆေးခန်းအဆောက်အဦမှာ ကျဉ်းမြောင်းလှသဖြင့် နေ့စဉ်ဆေးကုစဉ် သံဃာတော်နှင့် သီလရှင်များ အဆင်ပြေချောမွေ့စေရေးအတွက် သံဃာတော်နှင့်သီလရှင်များ ကုသိုလ်ဖြစ်
ဆေးကုခန်း ကြီးကြပ်မှု ကော်မတီ၏ ကြိုးစား အားထုတ်မှု၊ တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှု၊ စေတနာရှင် အလှူရှင်များ၏ မတည် လှူဒါန်းမှုဖြင့် ဇိဝိတဒါန သံဃာတော်နှင့် သီလရှင်များ၏ ကုသိုလ်ဖြစ် ပြင်ပ ဆေးကုသဆောင်ကြီးကို (--၂၀၁၂) ရက်တွင် မြေဧက(၂၀၀× ၁၂၀) တွင် ပြင်ပဆေးကုသဆောင် တည်ဆောက်ရန် မြေသန့်မင်္ဂလာ နှင့် ပန္နက်တင် မင်္ဂကျင်းပပြီး တည်ဆောက်ရေး လုပ်ငန်းများ စတင်ဆောင် ရွက်ခဲ့ကြသည်။

ဇိဝိတဒါန သံဃာတော်နှင့် သီလရှင်များ၏ ကုသိုလ်ဖြစ် ပြင်ပဆေးကုသဆောင်ကြီး တွင် သံဃာတော် များအတွက် အလျား(၉၀)ပေ×အနံ(၄၅)ပေ RC နှစ်ထပ် အဆောင်နှင့် သီလရှင်များအတွက် အလျား(၅၀)ပေ× အနံ(၃၄)ပေ RC တစ်ထပ် အဆောင် စုစုပေါင်း အဆောင်()ဆောင်ကို စေတနာရှင် အလှူရှင်များလှူဒါန်းငွေ ကျပ် သိန်း(၂၂၀၀)ကျော် အကုန်ကျခံ တည်ဆောက် ခဲ့ခြင်းဖြစ်သည်။ ဆေးကုသ ဆောင်ကြီး တွင် ခွဲစိတ်ခန်း ()ခန်း၊ သီးသန့်ဆေးကုသခန်း(၂၄)ခန်း၊ ကုတင် (၁၀)လုံဆန့်အခန်း()ခန်း၊ ဘုရားခန်း၊ နားနေခန်းများဖြင့် ဖွဲ့စည်းတည်ဆောက် ထားရှိပါသည်။
သံဃာတော်နှင့် သီလရှင်များ၏ ကုသိုလ်ဖြစ် ပြင်ပ ဆေးကုသဆောင်သည် မြိတ်ဒေသနှင့် နယ်ဝေးမှ သံဃာတော်နှင့် သီလရှင်များ၏ ကျန်းမာရေး အတွက် အထောက်အကူဖြစ်လာနိုင်ပြီး နောင်အချိန်တွင် မြိတ်ဒေ သ ၏ သံဃာ့ ဆေးရုံဖြစ် လာနိုင်၍ ၄င်းပြင်ပ ဆေးကုသဆောင်ကြီးတွင် မျက်စိခွဲစိတ် ကုသမှု အပါအ၀င် ပြည်တွင်း ပြည်ပ အထူးကုဆ ရာဝန်ကြီးများ၏ ပရဟိတ လုပ်ငန်းများ ဆောင် ရွက်နိုင်သည့်နေရာ နယ်မြေဒေသ မြို့ရွာ အသီး သီးမှ လာသမျှ ဂီလာန သံဃာတော် များကို ပြုစုကုသသည့်နေရာဖြစ်ပြီး ကျယ်ပြန့်လှသော ပရဟိတသာသနာ ပြုလုပ်ငန်းကို ဆောင်ရွက်နိုင်ရန် ကုသိုလ်ဖြစ် ပြင်ပ ဆေးကု သဆောင် ဆေးပဒေသာပင် အတွက် အလှူငွေများ ပါဝင်လှူဒါန်းနိုင် ပါကြောင်းနှင့် ခမ်းနား ထည်ဝါလှသော ဇိဝိတဒါန သံဃာတော်နှင့် သီလရှင်များ၏ ကုသိုလ် ဖြစ် ပြင်ပ ဆေးကုသဆောင်ကြီး ဖြစ်ပေါ်လာအောင် အဘက်ဘက်မှ ၀ိုင်းဝန်း ကူညီပေး ပါသော စေတနာရှင် အလှူရှင်များ၊ ဇိဝိတဒါန သံဃာတော်နှင့်သီလရှင်များ၏ ကုသိုလ်ဖြစ်ဆေးခန်း ကြီးကြပ်မှု ကော်မတီနှင့် ဥာဏ လုပ်အား ကုသိုလ်ယူ ကာ စေတနာဖြင့်ကုသပေးနေသည့် အထူးကု ဆရာဝန်ကြီးများ၊ သမားတော်များ၊ တိုင်းရင်း ဆေးပညာရှင် သမားတော်တို့အား ဂုဏ်ပြုရေးသား တင်ပြအပ်ပါသည်။

( မြိတ် မတ် ၂၀ ရက် )
မြိတ် ပြန်/ဆက်

0 comments: