Friday, March 14, 2014

နှလုံးသား ပင်လယ် ပန်းချီပြပွဲ မြိတ်မြို့၌ ပြုလုပ်


မြိတ်မြို့မှ ပန်းချီဆရာ(၁၃)ဦးနှင့် ဆရာမ (၃) ဦး၏ ပန်းချီလက်ရာ ရေဆေး၊ ဆီဆေး ၊ အခရိုင်းလစ် စသည်ဖြင့် ရေးဆွဲထားသည့် ပန်းချီကား (၁၉၅)ကား ပြသထားသည့် နှလုံးသား ပင်လယ် ပန်းချီပြပွဲ ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၄ ခုနှစ် ၊ မတ်လ ၁၄ ရက်နေ့ နံနက် (၈) နာရီ အချိန် မြိတ်မြို့ ပုလဲရတနာ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး နှင့် မြိတ်မြို့နယ် ပန်းချီပန်းပု  အစည်းအရုံး ဥက္ကဋ္ဌ တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီးနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ဧည့်သည်တော်များက ပန်းချီလက်ရာများအား ကြည့်ရှု အားပေးခဲ့သည်။




ထို ပန်းချီပြပွဲအား မတ်လ( ၁၄) ရက်နေ့မှ (၁၈) ရက်နေ့ အထိ နေ့စဉ် နံနက် (၈)နာရီ မှ ညနေ (၅) နာရီ အထိ မြိတ်မြို့ ပုလဲရတနာ ခန်းမတွင် ပြသထားမည် ဖြစ်ပြီး မည်သူမဆို အခမဲ့ ၀င်ရောက် ကြည့်ရှု အားပေး နိုင်ကြောင်း သတင်းရရှိသည်။

0 comments: