Saturday, March 29, 2014

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးရေး မြိတ်မြို့တွင် ဆန္ဒဖော်ထုတ်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပုဒ်မ (၄၃၆) အမြန်ဆုံး ပြင်ဆင်ရေး၊ နိုင်ငံသား အခွင့်အရေး အပြည့်အ၀ ရရှိရေး၊ ပြည်သူ မလိုလားသော ဥပဒေများ အလိုမရှိ ၊ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး စသည့် ကြွေးကြော်သံများနှင့် လက်ကိုင်ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ဆန္ဒဖော်ထုတ်ပွဲအား ယနေ့ မတ်လ (၂၉) ရက်နေ့ နံနက် (၈)နာရီအချိန်၌ မြိတ်မြို့ ကမ်းနားလမ်း အမှတ် (၁) ဗောတံတားထိပ်မှ ပုလဲရတနာ ခန်းမရှေ့ အထိ လူအင်အား (၄၀၀) ဦးခန့်ဖြင့် စီတန်း လှည့်လည် ဆန္ဒဖော် ထုတ်ကြသည်။ 


ထိုနောက် မြိတ်မြို့ ပုလဲရတနာခန်းမရှေ့၌ မြိတ်ခရိုင် (၈၈)မျိုးဆက် အဖွဲ့မှ ဦးလှမော် ၊ ဦးအောင်နိုင်ဦး၊ မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဥက္ကာမင်း၊ ဦးဇင်မောင်မောင်၊ ဦးစိုးပိုင်ဌေး၊ ဦးမြတ်ကို တို့က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပါ ပုဒ်မ (၄၃၆) ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဟောပြောကြပြီးနောက် နံနက် (၉)နာရီ (၂၀) မိနစ်ခန့်တွင် ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ပွဲ ရုပ်သိမ်းလိုက်သည်။

0 comments: