Monday, March 3, 2014

မြို့မ(၂)ရပ် အေးရိပ်သာကျောင်း ပရ၀ုဒ်အတွင်းတွင် တည်ထား ကိုးကွယ်မည့် လောက ချမ်းသာအေး စေတီတော်မြတ်ကြီးအား တပေါင်းလပြည့်နေ့တွင် ရွှေထီးတော် တင်လှူ ပူဇော်မည်

မြိတ်မြို့ မြိတ်တောင် နယ်မြေ မြို့မ(၂)ရပ် အေးရိပ်သာကျောင်း ပရ၀ုဒ် အတွင်း တွင် တည်ထားကိုးကွယ် မည့် ရွှေတိဂုံစေတီတော် ပုံတူ လောကချမ်းသာအေး စေတီတော်မြတ်ကြီး၏ ရွှေထီးတော်အား တပေါင်း လဆန်း (၁၃)ရက် ညနေ(၅)နာရီတွင် မြို့တွင်းသို့ လှည့်လှည် အပူဇော်ခံမည်ဖြစ်ပြီး တပေါင်း လဆန်း(၁၄)ရက်နှင့် တပေါင်း လပြည့်နေ့တွင် ရွှေထီးတော် တင်လှူ ပူဇော်ပွဲကို စည်ကား သိုက်မြိုက်စွာ မည်ဖြစ်သည်။


အဆိုပါ စေတီတော်မြတ်ကြီးသည် ဥာဏ်တော်(၁၈)တောင် အမြင့်ရှိပြီး စေတီတော်မြတ်ကြီး၏ ရင်ပြင် တော်တွင် တင့်တယ် သပ္ပါယ်မှုများ ဖြစ်ထွန်းစေရေး အတွက် လိုအပ်နေသော အရန် စေတီ(၄)ဆူ၊ မုခ်(၄) မုခ်၊ ဂြိုဟ်ခွင်(၈)ခွင်၊ တံခွန်တိုင်စသော လှူဒါန်းဖွယ်ရာများကို တစ်ဦးတည်း သော်လည်းကောင်း၊ စုပေါင်း၍ သော် လည်းကောင်း ထက်သန်သော စေတနာတို့ဖြင့် ပါဝင်လှူဒါန်းနိုင်ရေး အတွက် အေးရိပ်သာကျောင်း ပဓာန နာယက ဆရာတော်နှင့် ရွှေထီးတော် တင်လှူ ပူဇော်ပွဲ ဖြစ်မြောက်ရေး အဖွဲ့သို့ ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း သိရှိရ သည်။

၁။ အရန်စေတီတော်(၁)ဆူ တန်ဖိုးငွေ - ၁၀၀၀၀၀၀ ကျပ်
၂။ မုခ်(၁)မုခ် တန်ဖိုးငွေ - ၃၅၀၀၀၀ ကျပ်
၃။ ဂြိုဟ်(၁)ခွင် တန်ဖိုးငွေ - ၁၀၀၀၀၀ ကျပ်
၎။ အုတ်(၁၀၀၀)ချပ် - ၅၅၀၀၀ ကျပ်
၅။ ဘိလပ်မြေ (၁)အိတ် - ၆၀၀၀ ကျပ်
၆။ သဲ(၁)ကား - ၁၂၀၀၀ ကျပ်
၇။ ကျောက်စရစ်(၁)ကျင်း - ၃၃၀၀၀ ကျပ် တို့ဖြစ်ကြသည်။

စေတနာရှင် အလှူရှင်များမှ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များသို့ ဆက်သွယ် လှူဒါန်းနိုင် ပါသည်။

အေးရိပ်သာကျောင်း ပဓာန နာယဆရာတော်
ဘဒ္ဒန္တ ပညိန္ဒ - ၀၉၄၂၂၂၂၆၂၃၅

ဦးစိန်လှမောင် - ၀၉၄၂၂၂၀၅၀၃၂ ၊
ဦးဌေးဝင်း - ၀၉၄၂၂၄၅၇၆၁၆ ၊
ဦးထွန်းနိုင် - ၀၉၅၆၄၁၇၉၀
ဦးတင်အောင် - ၀၉၄၂၂၁၉၅၆၆၃ ၊
ဦးစံဝင်း - ၀၉၄၉၆၀၃၈၄၉ ၊
ဦးအောင်ရှိန် - ၀၉၄၂၂၁၉၆၅၅၁

မြိတ် ပြန်/ဆက်

0 comments: