Saturday, March 8, 2014

ပြည်ထောင်စု အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာ ဆပ်ကော်မတီ (Delivery Unit) ဥက္ကဌ ၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း မြိတ်ခရိုင် တိုင်းရင်းသား ရေးရာကော်မတီ ၀င်များ၊ တိုင်းရင်းသား/ သူများ၊ အသင်း အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဆပ်ကော်မတီ (Delivery Unit) ဥက္ကဌ၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းသည် အဖွဲ့ဝင်များလိုက်ပါလျက် မတ်(၇)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့ရောက်ရှိပြီး မြိတ်ခရိုင်၏ တိုင်းရင်းသားရေးရာကော်မတီဝင်များ၊ တိုင်းရင်း သား/သူများ၊ အသင်းအဖွဲ့များနှင့် တွေ့ဆုံ၍ တိုင်းရင်းသားရေးရာကိစ္စရပ်များကို ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေး နိုင်ရန် တွေ့ဆုံဆွေးနွေးပွဲအား နေ့လည်(၂)နာရီက မြိတ်မြို့ ပုလဲရတနာခန်းမတွင် ကျင်းပသည်။


အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လွင်၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဆပ်ကော်မတီဥက္ကဌ ကရင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးစောဟာဗီ၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသား/သူများ၊ ဖွံ့ဖြိုးရေး အထောက် အကူပြုကော်မတီများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ မိဘပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းက အမှာစကားပြောကြားရာတွင် တိုင်းရင်းသားရေး ရာဆပ်ကော်မတီ(Delivery Unit)၏ ဖွဲ့စည်းပုံ၊ ဖွဲ့စည်းရသည့် ရည်ရွယ်ချက်အကြောင်းအရင်းများနှင့် တိုင်းရင်း သားရေးရာကိစ္စရပ်များ ဆောင်ရွက်ချက် များအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများအား တိုင်းရင်းသားများ၏ ဒေသလိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း အကြံပြု
ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် မြိတ်ခရိုင်၏ တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး တိုင်းရင်း သားရေးရာ ဆပ်ကော်မတီဥက္ကဌ ကရင်တိုင်းရင်း သားရေးရာဝန်ကြီး ဦးစောဟာဗီ၊ တိုင်းရင်းသား ကိုယ်စားလှယ် များနှင့် စာပေယဉ်ကျေးမှုအဖွဲ့များ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ အထောက်အကူပြုကော်မတီဝင်များနှင့် တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာ ဆပ်ကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များက တိုင်းရင်းသားရေးရာ ကိစ္စရပ်များ ကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆွေးနွေး ကြပြီး ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းက နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနား ရုပ် သိမ်း လိုက်သည်။

ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြိတ်မြို့အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းသို့ သွားရောက်၍ သင်တန်းသူများ အားတွေ့ဆုံ၍ နိုင်ငံတော်မှ တိုင်းရင်းသူလေးများ၏ သက်မွေးပညာ သင်ကြားနိုင်ရေးအတွက် နယ်စပ်ဒေသများတွင် အိမ်တွင်းမှုသင်တန်းကျောင်း များဖွင့်လှစ်ပေးလျက်ရှိရာ သင်တန်းသူများအနေဖြင့် ပညာကိုကြိုးစားသင် ယူကြရန်ပြောကြားခဲ့ပြီး သင်တန်းကျောင်းအတွက် အလှူငွေကျပ်(၅)သိန်းကို ဦးစန်းလွင် Dragon Power Ltd မှ လှူဒါန်းပေးခဲ့သည်။ ထိုနောက် ဒုတိယ၀န်ကြီးသည် သင်တန်းသူများ၏ အိပ်ဆောင်နှင့် ထမင်းစားဆောင်တို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းသည် တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လွင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ မတ်လ(၈) ရက် နံနက်(၈)နာရီက နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သော အောင်မင်္ဂလာကျောင်း ကျောင်းဆောင်နှင့် ကုန်းဖောက်တံတားတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

မြိတ် ပြန်ဆက်

0 comments: