Friday, March 28, 2014

ပထမအကြိမ် ရှင်သာမဏေ၀တ်ပွဲနှင့် န၀မအကြိမ်မြောက် နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်



ပထမအကြိမ် ရှင်သာမဏေ၀တ်ပွဲနှင့် န၀မအကြိမ်မြောက် နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်

( မြိတ် မတ် ၂၇ ရက် )

ပထမအကြိမ် ရှင်သာမဏေ၀တ်ပွဲနှင့် န၀မမြောက်အကြိမ် နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်း ဖွင့်ပွဲကို မတ်လ(၂၇)ရက် နံနက်(၉း၄၅) နာရီက မြိတ်မြို့ စံကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ စေတနာရှင် အလှူရှင်များက ဆရာတော် သံဃာတော်အ ရှင်သူမြတ်များနှင့် ရှင်သာမဏေများအား သိမ်ဆင်းဆွမ်းလောင်း ကြသည်။




ယင်းနောက် သဒ္ဓ္ဓမ္မ ဇောတိကဓဇ စံကျောင်း ဆရာတော် ဘဒ္ဒန္တ ဥာဏ၀ံသ ထံမှ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က ငါးပါးသီလခံယူ ဆောက်တည်ကြပြီး တရားဒေသနာတော်များ နာယူ မှတ်သားကြသည်။ ဆက်လက်၍ ဆရာတော်အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ၍ ရေစက် သွန်းချအမျှ ပေးဝေ ကြကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းတွင် ရှင်သာမဏေအပါး (၅၈)ပါး တက်ရောက်ခဲ့ကြ ပြီး သင်တန်း ကာလမှာ မတ်လ(၂၇)ရက်မှ (၃၁)ရက်နေ့အထိ ရက်တိုစခန်းသွင်း၍ စံကျောင်းဆရာတော် မှ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရ ရှိသည်။

မြိတ် ပြန်/ဆက်

0 comments: