Sunday, March 23, 2014

မြိတ်မြို့ အမျိုးသမီး သက်မွေး လုပ်ငန်း ပညာသင်တန်းကျောင်း၌ အဆင်ြ့မင့် စက်ချုပ် သင်တန်း အမှတ်စဉ် (၃၆)နှင့် အခြေခံ အိမ်တွင်းမှု သင်တန်း (၆၅) ဆင်းပွဲ ကျင်းပ

နယ်စပ်ဒေသရှိ တိုင်းရင်းသူလေး များ၏ ဘ၀ လုံခြုံရေး၊ စီးပွားရေး အထောက် အကူပြု အတတ်ပညာ များ တတ်မြောက်စေရေး၊ တတ်မြောက်ထားတဲ့ ပညာရပ်များဖြင့် အသက်မွေး ၀မ်းကြောင်း ပြုပြီး မိသားစု ဘ၀ တိုးတက် မြင့်မားစေရေး၊ တိုင်းတစ်ပါးကို အထင်မကြီးဘဲ ကိုယ့်ကိုယ်ကို ထိန်းသိမ်းတတ်ပြီး လမ်းမှား မရောက် စေရေး၊ မိမိတို့ ၏  ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်တတ်စေရန် ရည်ရွယ်၍ နယ်စပ် ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန မြိတ်မြို့ အမျိုးသမီး အိမ်တွင်းမှု သက်မွေး လုပ်ငန်း ပညာ သင်တန်းကျောင်း၌ အဆင်ြ့မင့် စက်ချုပ် သင်တန်း အမှတ်စဉ်(၃၆)နှင့် အခြေခံ အိမ်တွင်းမှု သင်တန်း(၆၅) ဆင်းပွဲကို မတ်လ(၂၁)ရက် နံနက်(၉)နာရီတွင် ကျင်းပသည်။


ရှေးဦးစွာ တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြတ်ကိုက အမှာ စကားပြောကြား ရာတွင် သင်တန်း တက်ရောက်လာကြတဲ့ သင်တန်းသူများ အနေဖြင့် နိုင်ငံတော်ရဲ့ စေတနာနဲ့ ရည်ရွယ်ချက်တွေကို နားလည် သဘောပေါက်ပြီး နိုင်ငံ့သားကောင်း အမျိုးသမီးလေး များဖြစ်အောင် နေထိုင်သွားကြပါ။ သင်တန်းမှ သင်ကြား ပေးလိုက်တဲ့ ပညာရပ်များကို ထပ်မံ တိုးပွားအောင် ဆက်လက်လေ့လာ အသုံးချပြီး အောင်မြင်တဲ့ ဖက်ရှင် ဒီဇိုင်း ပညာရှင်များ ဖြစ်သည် အထိ ကြိုးစားဆောင် ရွက်သွားကြပါ။ သင်တန်းတွင် ဆွေးနွေးသင်ကြားပေး သော ပြည်ထောင်စု စိတ်ဓာတ် ဘာသာရပ်၊ အဆင့်မြင့် ယဉ်ကျေးမှု ဘာသာရပ်များကို မှတ်သား လိုက်နာပြီး အကျင့် စာရိတ္တမြင့်မား၍ အမျိုးဂုဏ်ဇာတိဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင် တဲ့ မြန်မာ အမျိုးသမီးကောင်းများ အဖြစ်ခံယူပြီး ပြုမှုနေထိုင်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းကျောင်း ဒုတိယကျောင်းအုပ် ဒေါ်ဇင်မီမီစံက သင်တန်းနှင့် ပတ်သက်သည်များ ကို အစီရင်ခံ တင်ပြပြီး တိုင်းဒေသကြီး ၀န်ကြီးချုပ်က သင်တန်းတွင် ထူးချွန်ဆု ရရှိသူများအား ထူးချွန်ဆုများပေး အပ်ချီးမြှင့်၍ သင်တန်းကျောင်း ဒုတိယကျောင်းအုပ်က သင်တန်းဆင်း လက်မှတ် ပေးအပ်သည်။ ယင်းနောက် သင်တန်းသူများ ကိုယ်စား သင်တန်းသူ တစ်ဦးမှ ကျေးဇူးတင်စကားပြန် လည်ပြောကြားပြီး အခမ်းအနား ရုပ်သိမ်း လိုက်သည်။ အခမ်းအနား အပြီးတွင် တက်ရောက် လာကြသော တိုင်းဒေသကြီး ၀န်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြား ထားသူများက သင်တန်းသူများ၏ သင်တန်းဆင်း လက်ရာများကို ကြည့်ရှု အားပေးကြသည်။ အဆိုပါသင်တန်းကို သင်တန်းသူ(၆၅)ဦး တက်ရောက်ခဲ့ ကြပြီး သင်တန်း ကာလမှာ ရက်သတ္တပတ် (၁၄)ပတ်ကြာမြင့်ခဲ့သည်။

မြိတ်မြို့ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ ယခင် အစိုးရ လက်ထက်တွင် သင်တန်း(၈၁)ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသူ (၂၁၆၀)ဦး၊ ယခု အစိုးရ လက်ထက်တွင် သင်တန်း(၂၃)ကြိမ်ဖွင့် လှစ်နိုင်ခဲ့ပြီး သင်တန်းသူ(၆၇၆)ဦး၊ စုစုပေါင်း သင်တန်းသူ (၂၈၃၆) ဦးကို သင်တန်းဆင်းပြီး ဖြစ်၍ သင်တန်းဆင်း ပြီး သင်တန်းသူများ အထဲမှ သင်တန်းသူ(၁၆၁၇)ဦးမှာ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိ ကြောင်း သတင်း ရရှိသည်။

မြိတ်ပြန်ဆက်

0 comments: