Saturday, June 21, 2014

မြိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား (၆)ထောင်ခန့်နှင့် ဘိန်းစားမှုန့်များဖမ်းဆီးရမိ

၂၀၁၄ ခုနှစ် ဇွန်လ (၁၉)ရက်နေ့ ည (၈း၃၀)အချိန်ခန့်တွင် မြိတ်ခရိုင် အထူး မှုခင်းနှိမ်နှင်းရေးအဖွဲ့မှ ရဲအုပ် ချိုလွင်နှင့် တပ်ဖွဲ့ဝင်များ၊ အမှတ် (၄) နယ်မြေရဲကင်းမှ ဒုရဲအုပ် လှမျိုးဝေ ဦးစီးအဖွဲ့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မြိတ်မြို့၊ နောက်လယ်ရပ်ကွက်၊ (၇) လမ်း၊ အမှတ် (၃၁၈) နေ ဝေစိုးမိုး (ခ) မာဒင် (၃၈)နှစ် (ဘ) ဦးစိုးတင့်၏ နေအိမ်သို့ ၀င်ရောက်ရှာဖွေရာ နေအိမ်၌ အသင့်တွေ့ရှိရသော ဝေစိုးမိုး (ခ) မာဒင် ခန္ဓာကိုယ်မှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၃) ပြားနှင့် ဘိန်းစာမှုန့် (၁)ကျပ်သားခန့် (၁)ထုပ်အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး နေအိမ်အတွင်း 



ဆက်လက်ရှာဖွေရာ အပြာရောင် ပလတ်စတစ် ကပ်ခွာအိတ်ငယ်ဖြင့် ထည့်ထားသည့် WY နှင့် WB စာတန်းပါ ပန်းရောင်နှင့် အစိမ်းရောင်ပါဝင်သော တန်ဖိုးငွေ (၂၉၈၇၀၀၀၀) ကျပ်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၅၉၇၄) ပြား စုစုပေါင်းအလေးချိန် (၀.၅၉၇၄) ကီလိုဂရမ်ခန့်နှင့် ဘိန်းစာမှုန့် (၇) ထုပ် စုစုပေါင်းအလေးချိန် (၀.၄၃၆၃) ကီလိုဂရမ် တန်ဖိုးငွေ (၄၃၆၀၀) ကျပ်တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် ဝေစိုးမိုး (ခ) မာဒင် အား မြိတ်မြို့မရဲစခန်း မယ (ပ) ၃၉/၂၀၁၄ မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/၁၉ (က)/ ၂၀ (က)/၂၁ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

0 comments: