Monday, June 2, 2014

ရေလမ်းကြောင်း ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ရှပ်ပြေးအမြန်ရေယာဉ်များတွင် ကယ်ဆယ်ရေးပစ္စည်း အပြည့်အ၀တပ်ဆင်ထားမှု ရှိမရှိစစ်ဆေး

မြိတ်-ထားဝယ်-ကော့သောင်းနှင့် မြိတ်-ကျွန်းစုသို့ ရေလမ်းခရီးမှသွားလာနေသော ခရီးသွားပြည်သူများ ဘေးအန္တ ရာယ်ကင်းဝေးစေရန်နှင့် အန္တရာယ်တစုံတခုဖြစ်ပေါ်ခဲ့ပါက
ရှေးဦးကယ်ဆယ်ရေးများ ဆောင်ရွက်နိုင်စေရန်အတွက် မြိတ်-ထားဝယ်-ကော့သောင်းနှင့် မြိတ်-ကျွန်းစုသို့ ပြေးဆွဲနေသော ရှပ်ပြေးအမြန်ရေယာဉ်များအား မေလ (၃၀)ရက်နံနက် (၇)နာရီတွင် မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက်ရှိ ရေယာဉ်များဆိုက်ကပ်ထားသည့် ဆိပ်ငယ်ဘောတံတားတွင် ကွင်းဆင်း စစ်ဆေး မှုများ ပြုလုပ်ခဲ့သည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း၊ တနင်္သာရီတိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးဇော်လွင်ထွေး၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေညာမောင်နှင့် တာဝန် ရှိသူများ က ရှပ်ပြေးအမြန်ရေယာဉ်များ သတ်မှတ်ဦးရေထက် ခရီးသည် ပိုမိုတင်ဆောင်ခြင်း ရှိ/မရှိ၊ ရေယာဉ်များကြံ့ခိုင်ကောင်းမွန်မှုရှိ/မရှိ၊ ကယ်ဆယ်ရေးပစ္စည်းကိရိယာများ လုံလောက်စွာ တပ်ဆင်ထားမှုရှိမရှိနှင့် အန္တရာယ် ကြုံတွေ့ပါက အရေးပေါ်ထွက်ပေါက်ထားရှိမှုအခြေအနေ တို့ကို စစ်ဆေးကာ ခရီးသွားပြည်သူများ အန္တရာယ်ကင်းဝေးစွာ သွားလာနိုင်ရေးအတွက် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
iprd myeik

0 comments: