Wednesday, June 18, 2014

လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်း ပြိုလဲ

၂၀၁၄ ခုနှစ် ဇွန်လ (၁၈) ရက်နေ့ နံနက် (၉) နာရီ အချိန်ခန့်၌ မြိတ်ခရိုင်  ကျွန်းစုမြို့နယ်  ကံမော်ကျေးရွာအုပ်စု ပသျှူးချောင်းကျောင်းရွာ အမက စာသင်ကျောင်းသည်
လေပြင်းတိုက်ခတ်မှု ခံရခြင်းကြောင့် ရုတ်တရက် ပြိုကျသွားကြောင်း သိရသည်။


အဆိုပါ စာသင်ကျောင်းတွင် ကျောင်းသား ကျောင်းသူ (၆၅) ဦး သင်ကြားလျက် ရှိပြီး
စာသင်ကျောင်း ပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် စာသင်ကျောင်းအား
ယာယီ ပိတ်ထားရကြောင်း သတင်းရရှိသည်။

0 comments: