Sunday, June 29, 2014

မြိတ်မြို့၌ ဇိဝိတဒါန သံဃာတော်နှင့် သီလရှင်များ ကုသိုလ်ဖြစ် ဆေးခန်း ဖွင့်ပွဲ အခမ်းအနား ကျင်းပ



မြိတ်မြို့ ရေပုန်းရပ် စပါးရွှေဝါ လမ်းမကြီးပေါ်၌ မြိတ်သား မြိတ်သား စေတနာရှင်များနှင့် ရဟန်း ရှင် လူ ပြည်သူ အပေါင်းတို့၏ လှူဒါန်းငွေဖြင့် ငွေကျပ် သိန်း နှစ်ထောင်နှစ်ရာကျော် အကုန်ကျခံ ဆောက်လုပ်ထားသည့် ဇိဝိတ ဒါန သံဃာတော်နှင့် သီလရှင်များ ကုသိုလ်ဖြစ် ဆေးခန်း ဖွင့်ပွဲ အခမ်းအနားအား ၂၀၁၄ ခုနှစ် ဇွန်လ (၂၉) ရက်နေ့ နံနက် (၈)နာရီ အချိန်က ၄င်းဆေးခန်းတည်ရှိရာ ယာယီ မဏ္ဍာပ်တွင် ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ခင်မောင်ဌေး ၊ ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သိမ်း၊ ပြည်သူ့ လွှတ်တော် ရင်းနှီးမြုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုး တိုး တက်ရေး ကော်မတီ ဥက္ကဌ ၀ဏ္ဏကျော်ထင် ဦးဌေးမြင့်၊ တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးထင်အောင်ကျော် နှင့် တိုင်းဒေသကြီး ၀န်ကြီးများ ၊ မြိတ်ခရိုင်နှင့် မြို့နယ် ဌာနဆိုင်ရာများ၊ ဆေးခန်းဆောက်လုပ်ရေး ကော်မတီဝင်များ ၊ အလှူရှင်များ တက်ရောက်ကြသည်။ 




ပထမဦးစွာ ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သိမ်း၊ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးထင်အောင်ကျော်၊ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ လူမှုရေး ၀န်ကြီး ဒေါက်တာဝင်းအောင်၊ မြိတ်အများပိုင် ကော်ပိုရေးရှင်း လီမိတက် ဥက္ကဋ္ဌ ဦးလှသန်း၊ ဆေးခန်းဆောက်လုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းရှိန်တို့မှာ ဆေးခန်း အ၀င် မုခ်ဦးရှေ့၌ ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ ပြီးနောက် တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုက ဆေးခန်း အဆောက်အဦး မုခ်ဦးအား ဖဲကြိုးဖြတ် ဖွင့်လှစ်သည်။ 

ထိုနောက် ယာယီမဏ္ဍာပ်၌ ဖွင့်ပွဲ အခမ်းအနား ဒုတိယပိုင်း အစီအစဉ်ကို ဆက်လက် ကျင်းပရာ ဆေးခန်း ဆောက်လုပ်ရေး ကော်မတီ အတွင်းရေးမှူး ဦးသက်စိုးက ဇီဝိတဒါန သံဃာတော်နှင့် သီလရှင်များ ကုသိုလ်ဖြစ် ဆေးခန်း စတင်ဖြစ်ပေါ်လာခြင်းနှင့် အဆောက်အဦး ကုန်ကျစရိတ်များအား ရှင်းလင်းတင်ပြပြီးနောက် ဆေးခန်း ဆောက်လုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းရှိန်မှ အလှူရှင်များအား ကျေးဇူးတင်စကား ပြောကြားသည်။ 

ဆက်လက်ပြီူး စေတနာရှင် အလှူရှင်များက ဆေးကုသဆောင်အတွက် ဆေးပဒေသာပင် လှူဒါန်းငွေ စုစုပေါင်း ကျပ်သိန်း(၂၁၅,၅၅,၀၀၀)ကျပ် ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး အခမ်းအနား ရုပ်သိမ်းခဲ့သည်။
 
အဆိုပါ ဆေးကုဆောင်ကြီးသည် အလျား(၉၀)ပေ×အနံ(၄၅)ပေရှိ RC နှစ်ထပ် အဆောင်နှင့် သီလရှင်များ အတွက် အလျား(၅၀)ပေ× အနံ(၃၄)ပေရှိ RC တစ်ထပ် အဆောင် စုစုပေါင်း အဆောင်()ဆောင် ကို စေတနာရှင် အလှူရှင်များ လှူဒါန်းငွေ ကျပ်သိန်း(၂၂၅၉,၂၆,၁၀၃)ကျပ် အကုန်ကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ဆေးကုသဆောင် ကြီးတွင် ခွဲစိတ်ခန်း()ခန်း၊ သီးသန့်ဆေးကု သခန်း(၂၄)ခန်း၊ ကုတင်(၁၀)လုံဆန့် အခန်း()ခန်း၊ ဘုရားခန်း၊ နားနေခန်းများဖြင့် ဖွဲ့စည်း တည်ဆောက် ထားပြီး မြိတ်ဒေသနှင့်နယ်ဝေးမှ သံဃာတော်နှင့် သီလရှင်များ၏ ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ဂီလာန သံဃာတော်များကို ကုသိုလ်ဖြစ် ပြုစု ကုသပေးသည့် ဆေးကုသခန်း ဖြစ်ကြောင်း သတင်းရရှိသည်။

0 comments: