Tuesday, June 3, 2014

ရေကြောင်းနှင့် လေကြောင်း လူငယ်သင်တန်းသားများ လေ့လာရေးခရီးနှင့် ပြိုင်ပွဲများယှဉ်ပြိုင်ပြီး မြိတ်မြို့သို့ ပြန်လည်ရောက်ရှိ


နိုင်ငံတော်အတွက် အားထားရမယ့် လူငယ်မောင်မယ်များကို ရေကြောင်းနှင့်လေကြောင်း ဆိုင်ရာ အခြေခံဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော ရေကြောင်းနှင့် လေကြောင်း လူငယ်သင်တန်းများတွင် တက်ရောက်လျက်ရှိသည့် သင်တန်းသား များအား ဒေသန္တရဗဟုသုတရရှိစေရန် လေ့လာရေးခရီးစဉ်နှင့် ပြိုင်ပွဲများ ယှဉ်ပြိုင်ပြီး မိမိတို့၏နေရပ်သို့ ပြန်လာကြသော လူငယ်မောင်မယ်များ သည် ဇွန်လ(၁)ရက် နံနက်(၉း၀၅)နာရီတွင် မြိတ်လေဆိပ်သို့ တပ်မတော်လေယာဉ်ဖြင့် ပြန်လည် ရောက်ရှိ လာကြသည်။


အဆိုပါ ခရီးစဉ်တွင် ပြန်လည်ရောက်ရှိလာသော ရေကြောင်းလူငယ် အခြေခံသင်တန်း မြိတ်မြို့ နှင့် ကျွန်းစုမြို့ သင်တန်းရှိ သင်တန်းသား(၆၀)ဦး နှင့် အုပ်ချုပ်နည်းပြများ
၊ လေကြောင်း လူငယ်သင်တန်း မြိတ် မှ သင်တန်းသား(၂၅) ဦးနှင့် အုပ်ချုပ် နည်းပြများအား မြိတ်လေဆိပ်တွင် တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှူးနှင့် တာဝန်ရှိသူများ၊ မြိတ်လေတပ်စခန်းဌာနချုပ်မှ တာဝန်ရှိသူများ မြို့မိမြို့ဖများနှင့် လူငယ် မောင်မယ်များ၏ မိဘအုပ်ထိန်း သူများက လာရောက်ကြိုဆိုခဲ့ကြသည်။

ရေကြောင်း လူငယ်သင်တန်းသားများ အနေဖြင့် နိုင်ငံတစ်ဝှမ်းတွင် ဖွင့်လှစ်လျက်ရှိသော သင်တန်းများတွင် တက်ရောက်ခဲ့သည့် သင်တန်းသားများနှင့် ပြိုင်ပွဲများ ယှဉ်ပြိုင် ခဲ့ကြပြီး
ရေကြောင်း နှင့် လေကြောင်းလူငယ်သင်တန်း သင်တန်းသားများအား လေ့လာရေး ခရီးစဉ်များ ပို့ဆောင်ပေးခဲ့ရာ သင်တန်းသားတစ်ဦးက ဒေသန္တရဗဟုသုတများ၊ အတွေ့အကြုံအသစ်များ များစွာရရှိခဲ့ကြောင်း ခရီးစဉ် အတွင်း များစွာပျော်ရွင်ခဲ့ရကြောင်း ပြောကြားခဲ့သည်။

နောင်နှစ် နွေရာသီကျောင်းပိတ်ရက်များအတွင်းတွင်လည်း အချိန်ကိုတန်ဖိုးရှိစွာ အသုံးချနိုင်ရန်နှင့် အနာဂတ် နိုင်ငံတော်ရဲ့ အကျိုးစီးပွားဖြစ်တဲ့ ပင်လယ်ပြင်၏ အနာဂတ်ကို ထုဆစ်ပုံဖော်မယ့် အားထား ရမယ့် မျိုးဆက်သစ် လူငယ်မောင်မယ်များကို ရေကြောင်းဆိုင်ရာ အခြေခံဗဟုသုတများ တိုးပွားလာ စေရန်နှင့် နိုင်ငံတော်အတွက် အားထားရမယ့် လူငယ်မောင် မယ်များကို လေကြောင်းဆိုင်ရာ အခြေခံဗဟု သုတများ တိုးပွားလာစေရန် အတွက်ရေကြောင်းနှင့် လေကြောင်း လူငယ် သင်တန်းများ ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဓာတ်ပုံ Myanmar NAVY
iprd myeik

0 comments: