Sunday, June 15, 2014

ကျွန်းစုမြို့နယ် ပင်လယ်ပြင်အတွင်း လှိုင်းရိုက်ခတ်မှုကြောင့် နေအိမ်များ ပျက်စီး ဆုံးရှုံး

အာရေဗျ ပင်လယ်တွင် ဖြစ်ပေါ်တိုက်ခတ်နေသည့် နွားနောက် မုန်တိုင်း အရှိန်ကြောင့် မှတ်သုန်လေ အားကောင်းကာ မြိတ်ခရိုင် အတွင်း  မိုးသည်းထန်စွာ ရွာသွန်းပြီး  လေပြင်းများ တိုက်ခတ်လျက် ရှိရာ ၂၀၁၄ ခုနှစ် ဇွန်လ (၁၄) ရက်နေ့ နေ့လည် (၁)နာရီ အချိန်ခန့်တွင် ကျွန်းစုမြို့နယ် အတွင်းရှိ ပင်လယ်ပြင်တွင် လေပြင်းများ တိုက်ခတ်မှုကြောင့် ပင်လယ်ပြင် လှိုင်းကြီးပြီး ကမ်းခြေသို့ လှိုင်းလှုံးများ ၀င်ရောက် ရိုက်ခတ်ခဲ့ရာ ကျွန်းစုမြို့နယ် ကျေးရွာ အချို့တွင် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့သည်။
 
 
ဓာတ်ပုံ - (၁၃.၆.၂၀၁၄) နံနက်(၉း၃၀)အချိန် ကော့သောင်းမြို့ (၃)မိုင် ကမ်းခြေတွင် လှိုင်လုံးများ တက်ရောက်လျက်ရှိသည်ကို တွေရစဉ်၊
ဓာတ်ပုံ ရွှေဟင်္သာစိုးလွင်

ထိုသို့ လေပြင်းတိုက်ပြီး လှိုင်းလှုံး ရိုက်ခတ်မှုကြောင့် ပင်လယ်ပြင်ကို မျက်နှာမူ ထားသည့်  ကျေးရွာများ ဖြစ်သည့် မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကော်ဇယာ ကျေးရွာတွင် (၃)ခန်းတွဲ အိမ်တစ်လုံး၊ (၂)ခန်း တွဲ အိမ် (၁)လုံး၊ နေအိမ် (၄)လုံး ပျက်စီးခဲ့သည်။ ထို့အပြင် မဲတောကျေးရွာအုပ်စု အုတ်ဖိုမော်ကျေး၇ွာ သဲတန်း တွင် နေအိမ် (၂)လုံး ပျက်စီးပြီး နေအိမ် (၁၈)လုံး အနည်းငယ်စီ ပျက်စီး သွားသည်။ စခန်းသစ် ကျေးရွာအုပ်စု ၀ါးအော် ကျေးရွာတွင်လည်း နေအိမ် (၈)လုံး ပျက်စီးပြီး နေအိမ် (၁၈)လုံးမှာ အနည်းငယ် ပျက်စီးသွားကြောင်း သိရသည်။ ၄င်းအပြင် သဲချောင်းကျေးရွာတွင်လည်း နှစ်ထပ် စာသင်ကျောင်းမှာ သွပ်များ အမိုးလှန် ပျက်စီးခဲ့သည်။

အဆိုပါ နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့သည့် ကျေးရွာများသို့ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွား စီမံ ၀န်ကြီး ဦးသိန်းလွင်နှင့် ကျွန်းစုမြို့နယ် အုပ်ချုပ်ရေးမှူး ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များမှ ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် ကျွန်းစုမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကျားမောင်မှလည်း ကယ်ဆယ်ရေး ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။







0 comments: