Monday, June 16, 2014

NLD ဗဟိုနာယက ဦးတင်ဦး မြိတ်မြို့ ပညာရေး ကွန်ယက် မိသားစုများနှင့် တွေ့ဆုံ

(15.6.2014)ရက်နေ့ ည(7) နာရီတွင် မြိတ်မြို့နယ် မြိတ်တောင်ရပ်ကွက်ရှိ Grand မင်္ဂလာခန်းမတွင်  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို နာယက ဦးတင်ဦးနှင့်  ပညာရေး ကွန်ရက် မိသားစုများ၊ 2013/2014 ပညာသင်နှစ် အတွင်း ဖြေဆို အောင်မြင်သွားသော ကျောင်းသား/ သူများနှင့် ဆရာ/ မများအား ဂုဏ်ပြုလက်မှတ် ပေးအပ်ပွဲ အခမ်းအနားကျင်းပ ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် နာယက ဦးတင်ဦးမှ အဖွင့်စကား ပြောကြားပြီး NLD ဗဟိုလူမူ အထောက် အကူပြု ပညာရေး ကွန်ရက် ကော်မတီဝင် ဦးလှသိန်းမှ ပညာရေး မူဝါဒများအား ရှင်းလင်းပြီး တစ်နိုင်ငံလုံး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးစီးဖွင့်လှစ်ထားသော ကျောင်းများ အားလုံး အောင်မြင်ခဲ့သောကြောင့် ဝမ်းသာပီတိ ဖြစ်ကြောင်း ပြောကြားကာ မြိတ်မြို့နယ် အတွင်းရေးမှူး ပညာရေး ကွန်ရက် ကော်မတီဝင် ဦးစိုးပိုင်ဌေးမှ ပညာရေး ကွန်ရက်ဖြစ်ပေါ်လာပုံအား ရှင်းလင်းခဲ့ ပါသည်။ ထို့နောက် မြိတ်ခရိုင် အတွင်းရေးမှူး ဦးစိုးလွင်မှလည်း တက်ရောက်လာကြသောသူများအား ကျေးဇူတင် စကားပြောကြားကာ ဂုဏ်ပြုလက်မှတ်များ ပေးအပ်၍ အခမ်းအနားအား ည(9)နာရီတွင်ပြီးဆုံးခဲ့ကြောင်း
သတင်းရရှိသည်။

သတင်းဓာတ်ပုံ - NLD MYEIK

0 comments: