Sunday, June 29, 2014

မြိတ်မြို့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များမှ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း


တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များမှ ၀ါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းခြင်း အခမ်းအနားကို မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနဗိမာန်တော်တွင် ဇွန်လ (၂၉) ရက် နံနက်(၆း၃၀)နာရီက ကျင်းပရာ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာဂဏ္ဍ၀ါစက ပဏ္ဍိတ ဘဒ္ဒန္တ ၀ိမလ ကန်သာကျောင်း တိုက်ဆရာတော် အမှူးပြုသော ဆရာတော် သံဃာတော် အရှင်သူမြတ်များ၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ တက်ရောက်လာကြသူများက အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ ဖွင့်လှစ်ကြပြီး ဧည့်ပရိတ်သတ်အပေါင်းက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ကန်သာကျောင်း တိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များထံမှ ပရိတ်တရား တော်များ နာယူမှတ်သားကြသည်။

ယင်းနောက် စေတနာရှင်အလှူများက ဆရာတော် သံဃာတော်များအား ၀ါဆိုသင်္ကန်းနှင့် လှူဘွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကန်သာကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာတရားနာယူကြ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
 
မြိတ်ပြန်ဆက်

0 comments: