Tuesday, June 24, 2014

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် တနင်္သာရီမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇွန်လ(၂၃)ရက် နံနက်(၇း၃၀)နာရီက တနင်္သာရီမြို့နယ် မောတောင်ဒေသ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများသည်
မောတောင် နယ်စပ်ဂိတ်နှင့် နယ်စပ်ဂိတ်ယာယီမုခ်ဦးတည်ဆောက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် မောတောင်ဒေသ ရဲစခန်း တည်ဆောက်မည့်မြေနေရာ၊ တိုက်နယ်ဆေးရုံ တည်ဆောက်မည့်မြေနေရာများ အား ကြည့်ရှုစစ်ဆေးပြီး အလက(ခွဲ) aမာတောင်ကျောင်းတွင် ကျောင်းအုပ် ဆရာကြီး ဦးစိုးတင့်က ကျောင်းတွင် ကျောင်းသား/သူများ ပညာသင်ကြားပေးနေမှု အခြေအနေအား ရှင်းလင်းတင်ပြရာ ၀န်ကြီး ချုပ်မှ ကြည့်ရှုအားပေးခဲ့သည်။

ယင်းနောက် ပြည်ဖြိုးထွန်းကုမ္ပဏီဆီအုန်းစီမံကိန်းတွင် (၁)နာရီ(၁)တန်ကျ ဆီကြမ်း စက်ရုံအား ကြည့်ရှုအားပေးရာ ပြည်ဖြိုးထွန်းကုမ္ပဏီ မန်းနေးဂျင်းဒါရိုက်တာ ဦးလှသန်းနှင့် ဆီအုန်း စီမံကိန်းမန်နေဂျာ ဦးကျော်နိုင်တို့က စက်ရုံအတွင်း ဆီကြမ်းထုတ်လုပ်နေမှုအား လိုက်လံရှင်းလင်းပြသသည်။ ဆက်လက်၍ တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာန မီးသတ်(၅)ယူနစ်စခန်း တည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှု စစ်ဆေးသည်။

ထိုနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေး ရံပုံငွေဖြင့် ပြည်သူများ
နှစ်စဉ် မြစ်ရေကြီးမှု အန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် ရာနှုန်းပြည့် တည်ဆောက်ပြီးစီးခဲ့သော ရေထိန်းတမံနှင့် ရေတံခါး တပ်ဆင်ခြင်းလုပ်ငန်း၊ တာကျိုးနေရာများတွင် မြေသားတမံလုပ်ငန်း၊ အိမ်ယာကွက်အ၀င်လမ်းတာဖို့ခြင်း လုပ်ငန်း၊ ရှင်မအောင်သာလမ်း မြေသားမြှင့်တင်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

တနင်္သာရီမြို့ ရေထိန်းတမံတည်ဆောက်ရေးလုပ်ငန်းတွင် အမှတ်(၁)ရေထိန်းတံခါး၌ (၄×၄)ပေနှစ် ပေါက်(၉၅×၃၂)ပေ ၊ အမှတ်(၂)ရေထိန်းတံခါး၌ (၄×၄)ပေတစ်ပေါက် (၁၁၀×၂၅)ပေ ၊ ရေကူးပြွန် (၁၃၀×၅×၅)ပေ၊ ရေစုပ်စက်ရုံ (၃၀×၁၅×၁၂)ပေ စက်ရုံတွင် ရေစုပ်စက်(၂)လုံး၊
ရေထုတ်ပြွန် (၄)လုံး တပ်ဆင်ဆောင်ရွက်ထား ရှိသည်။ ၄င်းအပြင် တာကျိုးနေရာများတွင်
မြေသားတမံများဖို့ခြင်း၊ အိမ်ယာ ကွက်အ၀င်လမ်းတာဖို့ခြင်း၊ လမ်းများမြင့်တင်ဆောင် ရွက်ခြင်း၊ ကျောက်တန်းစီထားခြင်း၊ ကျောက်စီရေနုတ် မြောင်းတည်ဆောက်ခြင်းလုပ်ငန်းများ
 ဆောင်ရွက်ထားခြင်းကြောင့် ပြည်သူများ နှစ်စဉ်မြစ်ရေကြီးမှု အန္တရာယ်မှ ကာကွယ်နိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

မြိတ်ပြန်ဆက်

0 comments: