Saturday, June 28, 2014

ကျွန်းစုမြို့နယ်တွင် လေပြင်းတိုက်၍ နေအိမ်ပျက်စီးဆုံးရှုံး သူများအတွက် နိုင်ငံတော် သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းနှင့် တနင်္သာရီရေတပ်စခန်း ဌာနချုပ်တို့မှ စားသုံးကုန် ပစ္စည်းများ ထောက်ပံ့ လှူဒါန်း



ပြီးခဲ့သည့် ဇွန်လ (၁၄) ရက်နေ့ က ကျွန်းစုမြို့နယ် အတွင်း လေပြင်း တိုက်ခိုက်ရ၍ နေအိမ်များ ပျက်စီးသွားသည့် မဲတောကျေးရွာအုပ်စု အုတ်မော်ဖို ကျေးရွာနှင့် စခန်းသစ် ကျေးရွာအုပ်စု ၀ါးအော် ကျေးရွာရှိ လေပြင်း ဒဏ်သင့် မိသားစုဝင်များ အတွက် နိုင်ငံတော် သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်း လှူဒါန်းသော စားသောက် ကုန် ပစ္စည်းများအား ၀န်ကြီး ဦးစိုးသိန်း ကိုယ်စား တနင်္သာရီရေတပ်စခန်း ဌာနချုပ်မှ ၂၀၁၄ ဇွန်လ ( ၁၇  ) ရက်နေ့တွင် အဆိုပါ ကျေးရွာများသို့ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။ 



   လေပြင်းဒဏ်သင့် မိသားစုဝင်များ အတွက် နိုင်ငံတော် သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းက ၀ါးအော်ကျေးရွာရှိ လေဘေးသင့် အိမ်ထောင်စု (၂၆) စုအတွက် ဆန် (၂၆)အိတ်၊ ဆီ (၂၆) ပိသာ၊ကို လည်းကောင်း၊ ရေကန်အောင် ကျေးရွာ မိသားစု(၅)စု အတွက် ဆန် (၅)အိတ် ၊ ဆီ (၅) ပိသာ လှူဒါန်းခဲ့သည်။ ထို့အပြင် တနင်္သာရီတိုင်းရေတပ်စခန်း လက်အောက်ခံ  စစ်ရေယာဉ် (၄၂၄)မှ ချောင်းကြီးဝ ကျေးရွာရှိ အိမ်ထောင်စုများ အတွက် ဆန် (၁၂)ပြည်ဝင်အိတ် (၈)အိတ် ၊ (၁၀)ပိသာဝင် စားဆီပုံး (၂)ပုံ ၊  အုတ်ဖိုမှော် ကျေးရွာ အိမ်ထောင်စု (၂၃) စုအတွက် ဆန် (၁၃)အိတ် ၊ စားဆီ (၁၀)ပိသာဝင် (၁)ပုံး လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။

0 comments: