Thursday, June 26, 2014

မြိတ်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရား မ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ဇွန်လ(၂၆)ရက် နံနက်(၁၀)နာရီက အထက(၃)မြိတ် ပညာရတနာခန်းမတွင် ကျင်းပရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး
နှင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ် ရေးဗဟိုအဖွဲ့ဥက္ကဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို ထံမှ ပေးပို့ သော သ၀ဏ်လွှာအား မြိတ်ခရိုင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ကျော်ထွန်းက
ဖတ်ကြားသည်။

ယင်းနောက် ကျောင်းသား/သူများအား မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေညာမောင် က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်အကြောင်း သိကောင်း စရာများကိုလည်းကောင်း၊ စိတ်ရောဂါအထူးကုဆရာဝန်ကြီး ဒေါက်တာခင်ဇော်က မူးယစ်ဆေး ၀ါးနှင့် ဆက်နွယ်လာသည့် ဆိုး ကျိုးအပေါ် ကျန်းမာရေးရှုထောင့်မှ သိကောင်းစရာများကို လည်းကောင်း၊ မြိတ်ခရိုင် ဥပဒေအရာရှိ ဦးလှထွန်း က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများ ဆိုင်ရာ ပြစ်မှု ပြစ်ဒဏ် ဥပဒေများ အကြောင်း သိကောင်းစရာ များကိုလည်းကောင်း အသီးသီး ပညာပေး ဟောပြောခဲ့ကြသည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် (၁၇)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာ ပန်းချီပြိုင်ပွဲ များတွင် ခရိုင်အဆင့် ထူးချွန်ဆုရရှိသူများအား မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး။ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိ သူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

မြိတ်ခရိုင်ရဲတပ်ဖွဲ့အနေဖြင့် ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း မူယစ်ဆေးဝါးဖမ်းဆီးရရှိမှုမှာ အမှုပေါင်း (၁၉၁)မှု ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။ ဖမ်းဆီးရရှိသော မူးယစ်ဆေးဝါးများမှာ WY စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း(၃၀၉၇၅)ပြား၊ ဘိန်းစာမှုန့်(၆၃၈.၄၂၁၃၅)ကီလိုဂရမ်နှင့်
ဆေးခြောက်(၀.၆၀၉၂၆) ကီလိုဂရမ် တို့ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

မြိတ်ပြန်ဆက်

0 comments: