Saturday, June 1, 2013

မြိတ်မြို့၌ သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်း အသိပညာပေး ဆွေးနွေး

ပြည်သူများ သွေးလွန်တုတ်ကွေးရောဂါမဖြစ်ပွားစေရေးအတွက် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများအသိပညာပေး ဆွေးနွေးပွဲ ကို မေလ(၃၀) ရက် နေ့လည် (၂)နာရီတွင် မြိတ်မြို့ အထွေထွေရောဂါကုဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဆေးရုံအုပ်ကြီး ဒေါက်တာ ဆွေဆွေဝင်းက အမှာစကားပြောကြားသည်။ ယင်းနောက် မြိတ်ခရိုင် ငှက်ဖျားတိုက်ဖျက်ရေးဌာနမှ အဖွဲ့ခေါင်းဆောင် ဆရာဝန် ဒေါက်တာတင်စိုးမိုးက သွေးလွန် တုတ်ကွေးရောဂါဖြစ်ပွားရခြင်း အကြောင်းအရင်းနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အကြောင်းကို ရှင်းလင်းပြောကြား သည်။

ဆက်လက်၍ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး များက ရောဂါဖြစ်ပွားမှုကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပူးဆောင်ဆောင်ရွက်နိုင်ရေး အတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြ ကြောင်း သတင်းရရှိသည်။


0 comments: