Thursday, June 6, 2013

မြိတ်ခရိုင် NLD ပါတီဝင်များ စွမ်းရည်မြှင့် သင်တန်း ဖွင့်ပွဲ ကျင်းပ




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ မြိတ်ခရိုင် ပါတီဝင်များ စွမ်းရည်မြှင့်သင်တန်း အမှတ်စဉ် (၁/၂၀၁၃)အား ဇွန်လ (၄) ရက်နေ့   နံနက်(၉) နာရီ အချိန်တွင်ြ မြစ်ငယ်ရပ်ကွက် ရွှေကျောင်းလမ်းရှိ မြိတ်မြို့နယ် NLD ပါတီရုံးတွင် ရုံးတွင် ကျင်းပပြုလုပ်သည်။  ဖွင့်ပွဲ အခမ်းအနားတွင် မြိတ်ခရိုင် ဥက္ကဋ္ဌ ဦးသန်းနွယ်က နုတ်ခွန်းဆက် စကား ပြောကြားကာ မြိတ်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးဖြိုးဝင်းထွန်းက မိတ်ဆက် စကား ပြောကြားပြီး သင်တန်းနည်းပြ ဆရာမ ဒေါ်ကြည်ပြာက မိတ်ဆက်စကား ပြောကြားပြီးနောက် သင်တန်းမှူး ဦးဥက္ကာမင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့သည်။ ထိုသင်တန်းတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ ဒီမိုကရေစီ သဘောတရားများ၊ လူ့အခွင့်အရေးဘာသာရပ်၊ ဝေဖန် ပိုင်းခြား စဉ်စားခြင်း ဘာသာရပ်၊ ခေါင်းဆောင်မှု စွမ်းရည် ဘာသာရပ် ၊ ဒီပလိုမေစီ ဘာသာရပ်များအား ပို့ချ သွားမည်ဖြစ်ကြောင်း သိရှိသည်။


အဆိုပါ သင်တန်းသို့ မြိတ်မြို့နယ် ကျွန်းစုမြို့နယ် ၊ တနင်္သာရီမြို့နယ် ဘုတ်ပြင်းမြို့နယ် များမှ ပါတီဝင် သင်တန်းသား (၇၀)ကျော်ခန်း တက်ရောက်ပြီး သင်တန်းကာလမှ (၇)ရက်ဖြစ်ကာ နေ့စဉ် နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။



0 comments: