Thursday, June 13, 2013

တရားမ၀င် ဇီဝဇိုး ငှက်သိုက် အံဖတ် သယ်ဆောင် လာသူအား အရေးယူ

၁၂-၆-၂၀၁၃ ရက်နေ့ ၁၇၀၀ အချိန် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှ ရန်ကုန်သို့ ထွက်ခွာမည့် မြန်မာ့လေကြောင်း ခရီးစဉ်ဖြင့် ပို့ဆောင်မည့် ပစ္စည်းများအား လေဆိပ်လုံခြုံရေး တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း စစ်ဆေးရေး အဖွဲ့တို့မှ စစ်ဆေးစဉ် မြိတ်မြို့၊ ကန်ကြီး... ရပ်ကွက်နေ ဒေါ်ကြည်ကြည်(၄၈)နှစ်မှ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်မြောင်းဈေးအနီး၊ ကျားကွက်သစ် လမ်းနေ ဒေါ်ရီစုစုတင်နှင့်ဒေါ်မိုးမိုးအေး တို့ထံပေးပို့မည့် ကတ်္ထူပုံးအတွင်းမှ အလေးချိန်(၁၀) ကျပ်သားခန့်စီပါ ဇီဝဇိုး ငှက်သိုက် အံဖတ် ၈ ဗူး၊ (၁)ကျပ်သား ခန့်ပါ ၁ ဗူး၊ စုစုပေါင်း အလေးချိန်(၈၁) 

ကျပ်သား၊ တန်ဘိုးငွေ ကျပ်(၂၀၂၅၀၀၀ိ/-)အား ရှာဖွေတွေ့ရှိခဲ့ သဖြင့် တရားမ၀င် တင်ပို့သူ ဒေါ်ကြည်ကြည်မြင့်အား မြိတ်မြို့မရဲစခန်း(ပ)၂၄၅/၂၀၁၃၊ တောရိုင်းတိရစ္ဆာန်၊ သဘာဝအပင်များ ကာကွယ်ထိန်းသိမ်းရေးနှင့် သဘာဝနယ်မြေများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၆(က)ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
ဓာတ်ပုံ - google


0 comments: