Monday, June 10, 2013

မြိတ်မြို့ သံသရာအေးဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ အင်္ဂလိပ်စာ အခြေခံစကားပြော သင်တန်းဖွင့်လှစ်မည်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ သံသရာအေး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ အင်္ဂလိပ်စာ အခြေခံစကားပြော ပညာဒါန(အခမဲ့) သင်တန်းကို ဇွန်လ(၁၅)ရက်နေ့မှ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ အင်္ဂလိပ်စာ အခြေခံ စကားပြော ပညာဒါန(အခမဲ့) သင်တန်းကို သံသရာအေး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းအုပ်ဆရာတော် မဟာသဒ္ဒမ္မ ဇောတိကဓဇ ဘဒ္ဒန္ဒ သုဇာတ ၏ သြ၀ါဒဖြင့် ဆရာ ဦးချစ်ကိုကို ( INTERPRETER ) က သင်ကြားပေးမည် ဖြစ်သည်။

အဆိုပါသင်တန်းကို အပတ်စဉ် စနေနေ့ နှင့် တနင်္ဂနွေနေ့ များတွင် မွန်းတည့်(၁၂)နာရီ မှ (၂)နာရီ အထိ ဒသမတန်းအောင်မြင်ပြီးသူများနှင့် တက္ကသိုလ် ကျောင်းသားကျောင်းသူများကို ပညာဒါန(အခမဲ့) (၆)လ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

0 comments: