Sunday, June 2, 2013

မြိတ်မြို့မီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေး တပ်စု စုဖွဲ့ ဇာတ်တိုက်လေ့ကျင့်

မြိတ်ခရိုင်အတွင်း သဘာဝဘေး အန္တရာယ် ဖြစ်ပေါ်လာပါက တုန့်ပြန်ရန် စုဖွဲ့ထားသော မြိတ်မြို့ မီးသတ်တပ်ဖွဲ့ ရှာဖွေ ကယ်ဆယ်ရေး တပ်စု စုဖွဲ့ ဇာတ်တိုက် လေ့ကျင့်ခြင်းကို မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍  ဇွန်လ(၁)ရက် ည(၈)နာရီတွင် မြို့နယ် မီးသတ် တပ်ဖွဲ့စခန်း၌ ပြုလုပ်ခဲ့ကြသည်။


ရှာဖွေ ကယ်ဆယ်ရေးတပ်စု စုဖွဲ့ ဇာတ်တိုက်လေ့ကျင့်ခြင်းတွင် ရှေးဦး သူနာပြုစုနည်းများ၊ လူနာသယ် နည်း အမျိုးမျိုး၊ ရွက်ဖျင်တဲထိုးနည်း အမျိုးမျိုး၊ ကြိုးချည်နည်းများ၊ ကယ်ဆယ်ရေးသုံး ပစ္စည်း ကိရိယာများ ကိုင်တွယ် အသုံးပြုနည်း များကို မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်းနှင့် သန္ဒေမီးသတ် တပ်ဖွဲ့ဝင်များက သင်ကြား လေ့ကျင့် ပေးကြသည်။

အဆိုပါ စုဖွဲ့ ဇာတ်တိုက်လေ့ကျင့်ခြင်းကို အပတ်စဉ် စနေနေ့ နှင့် တနင်္ဂနွေနေ့များတွင် မြိတ်မြို့ မီးသတ်တပ်ဖွဲ့ ရှာဖွေ ကယ်ဆယ်ရေး တပ်စု အဖွဲ့ဝင် (၃၅)ဦးဖြင့် ဇူလိုင်လ(၇)ရက်နေ့ အထိ စုဖွဲ့ဇာတ်တိုက် လေ့ကျင့်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။



0 comments: