Sunday, June 30, 2013

မြိတ်မြို့နယ် လုံးကျွတ် သာသနာ့နွယ်ဝင် သီလရှင်များအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ပြုလုပ်


ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် မှ ဦးစီး၍ မြိတ်မြို့နယ် လုံးကျွတ် သာသနာ့ နွယ်ဝင် သီလရှင် များအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကို ဇွန်လ (၂၉) ရက်နေ့ နေ့လည် (၁) နာရီအချိန်တွင် မြိတ်မြို့ ရွှေဘေး ကျေးရွာရှိ  တိုင်းရန်အောင်ခန်းမတွင် ပြုလုပ်ရာ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်ဌေးနှင့် ဇနီး ဒေါ်ဝင်းဝင်းမြင့်၊ ဦးစီးအရာရှိများနှင့် ဇနီးများ၊ တပ်ရင်း တပ်ဖွဲ့များ၊ မြိတ်ခရိုင် ဌာနဆိုင်ရာများ ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ ၊ စေတနာရှင် အလှူရှင်များ စုစုပေါင်း (၄၅၀) ဦးခန့် တက်ရောက်ကြသည်။


အခမ်းအနားတွင် မြိတ်မြို့ ရွှေကျင် သီလရှင် စာသင်တိုက် ပဓာန နာယက ဆရာကြီး ဒေါ်ပုည၀တီ ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီးနောက် သီလရှင် ဆရာကြီး ၊ ဆရာလေးများက ပရိတ် တရားတော်များ ရွတ်ပွားချီးမြှင့်ကာ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ ဇနီး ဒေါ်ဝင်းဝင်းမြင့်မှ လှူဖွယ် ၀တ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ မြိတ်မြို့ မဉ္စူသက သီလရှင် စာသင်တိုက် ပဓာန နာယက ဆရာကြီး ဒေါ်ပုဏ္ဏမီ ထံမှ အနုမောဒနာ တရားနာယူပြီး လှူဒါန်းမှု အစုစု အတွက် ရေစက်သွန်းချ အမျှပေးဝေ ကြပါသည်။

ထိုနောက် မြိတ်မြို့ပေါ်ရှိ သီလရှင် ကျောင်းတိုက် (၆၄) ကျောင်းမှ သီလရှင် အပါး (၃၅၆) ပါးအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ် ၀တ္ထု ပစ္စည်းများ လောင်းလှူခဲ့ကြောင်း သတင်းရရှိပါသည်။ 




0 comments: