Saturday, June 15, 2013

တိုင်းရင်းဆေးဆိုင်ရာ အသိပညာပေးဟောပြော အခမဲ့တိုင်းရင်းဆေးကုသပေး



ပြည်သူများ တိုင်းရင်းဆေး နည်းပညာများနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အတွက် အသိပညာပေး ဟောပြောပွဲနှင့် ဆေးဝါး အခမဲ့ ကုသပေးခြင်းကို ၂၀၁၃ ခုနှစ်၊ ဇွန်လ (၁၃)ရက်နေ့၊ နေ့လည် (၁၂)နာရီက မြိတ်မြို့ မြိတ်တောင် ကျေးရွာ၊ ရွှေပြည်တန် ရပ်ကွက် ဓမ္မာရုံတွင် ကျင်းပရာ ရှေးဦးစွာ မြိတ်ခရိုင် တိုင်းရင်းဆေးပညာ ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဝါ၀ါက မိုးရာသီ အတွင်း အဖြစ်များသော အအေးမိနှာစေးခြင်း၊ ချောင်းဆိုးခြင်းများနှင့် ပတ်သက်သော ဆေးဝါးများ အကြောင်းကို လည်းကောင်း၊ ကွမ်းရွက်၏ ဆေးဖက်ဝင်ပုံများကို လည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။

ထိုနောက် ဒု-တိုင်းရင်းဆေးမှူး ဒေါ်ယဉ်ယဉ်မြင့်မှ မိုးရာသီတွင် ဖြစ်တတ်သော ၀မ်းပျက် ၀မ်းလျှောရောဂါ များ နှင့် ပတ်သက်ပြီး ဆင်ခြင် သတိပြုရမည့် အချက်များနှင့် ဆေးဝါးများ၊ အစားအသောက် သန့်ရှင်း သန့်ယပ်ရန် လိုအပ် ပုံများကို ဆွေးနွေးဟောပြောပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းမှ ကျေးဇူးတင် စကားပြောကြားခဲ့သည်။ ဆက်လက် ၍ ကျေးရွာနေ ပြည်သူများအား တိုင်းရင်း ဆေးပညာဖြင့် အခမဲ့ ဆေးကုသပေးရာ ကျေးရွာသူ/သား (၇၀)ဦးခန့်အား ဆေးစစ် ကုသပေး၍ တိုင်းရင်း ဆေးဝါးများ အခမဲ့ ပေးဝေခဲ့ကြောင်း သိရသည်။




0 comments: