Saturday, June 29, 2013

ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေးနှင့် မူးယစ်ဆေးဝါးပပျောက်ရေး အသိပညာပေး ဟောပြောပွဲ မြိတ်တက္ကသိုလ်၌ ပြုလုပ်


ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေးနှင့် မူးယစ်ဆေးဝါးပပျောက်ရေး အသိပညာပေး  ဟောပြောပွဲကို ဇွန်လ(၂၈)ရက် နံနက်(၁၀)နာရီ တွင် မြိတ်တက္ကသိုလ်၌ တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမဆောင်၌ ကျင်းပရာ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သက်ထွန်းအောင်နှင့် ဆရာ/ဆရာမများ ၊ မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေညာမောင်နှင့် ဌာနဆိုင်ရာများ ကျောင်းသူ ကျောင်းသားများ စုစုပေါင်း အင်အား (၈၅၀) ဦးခန့်တက်ရောက်သည်။

ပထမ ဦးစွာ မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သက်ထွန်းအောင်က အမှာစကား ပြောကြားပြီးနောက် မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေညာမောင်က မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် အကြောင်းနှင့် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများကို ပညာပေး ပြောကြားသည်။ ထိုနောက် မြိတ်ခရိုင် တရားသူကြီး ဦးဝင်းအောင်က မူးယစ်ဆေးဝါးနှင့် ယာဉ်အန္တရာယ် မှုခင်းများနှင့် ပတ်သက်၍ တရားစီရင်ရေး ကဏ္ဍအကြောင်းနှင့် မြိတ်ခရိုင် ဥပဒေ အရာရှိ ဦးလှထွန်းမှ မူးယစ် ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးဆိုင်ရာ ဥပဒေအကြောင်းတို့ကို ရှင်းလင်းပြောကြား ကြသည်။

ဆက်လက်၍ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ဌေးက ယာဉ်မောင်း လိုင်စင် ဆောင်ရွက်ပေးမှု၊ ယာဉ်အန္တရာယ် မဖြစ်ပွားအောင် လိုက်နာရမည့် စည်းကမ်းချက်များနှင့် ယာဉ်မောင်း စဉ် သတိပြုရမည့် သင်္ကေတ အမှတ်အသားများ၊ အချက်ပြမီးများနှင့် အကာအကွယ် ပေးနိုင်သည့် ဦးထုတ် ဆောင်းနည်းများကို ပညာပေး ပြောကြားခဲ့သည်။ ထိုနောက် ယာဉ်ထိန်းတာဝန်ခံ ဒုတိယရဲမှူး နေ၀င်းက ယာဉ်မောင်းသူများ အနေဖြင့် ယာဉ်အန္တရာယ် ကင်းရှင်းရေး အတွက် လိုက်နာရမည့် အချက်များ အကြောင်း ပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

 

0 comments: