Tuesday, June 25, 2013

မိုးသည်းထန်စွာရွာသွန်း၍ တံတားပြိုကျပြီး သစ်ပင်ပြိုလဲ

၂၃-၆-၂၀၁၃ ရက်နေ့ ၁၆၂၀ အချိန် တနင်္သာရီ တိုင်းဒေသကြီး၊ တနင်္သာရီ -မောတောင် ကားလမ်း၊ မိုင်တိုင် အမှတ် (၆၈/၄)ရှိ အရှည်ပေ(၈၀)ခန့်ရှိသော ချောင်းနှစ်ပေါက်သစ်သားတံတားသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေကြီးကာ ရေတိုက်စား သဖြင့် ပြိုကျပျက်စီးသွားခဲ့သည်။ အဆိုပါ တံတား၏အရှေ့ဘက်ကမ်းရှိ ချဉ်းကပ် လမ်းမြေသား တမံအား လွန်ခဲ့သော (၃)ရက်ခန့်မှ စ၍ ရေတိုက်စားလျက် ရှိသဖြင့် တံတားပေါ်မှ ယာဉ်ဖြတ်သန်းမှု ပိတ်ထားခဲ့ပြီး မြေသား တမံပြိုကျ၍ တံတား တစ်ဝက်မှာ ရေထဲသို့ ကျသွားခဲ့ကာ ချောင်းရေများ တံတားပေါ်မှဖြတ်သန်း စီးဆင်းလျက် ရှိရာမှ ပြိုကျ ပျက်စီး သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိ ရသည်။

ထို့ပြင် အဆိုပါနေ့ ၁၁၁၀ အချိန် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ အုတ်ဖိုမော် ကျေးရွာ အနောက်ဘက် သဲတန်းပိုင်းသို့ သွားသောလမ်းနံဘေး အလျား(၄၀)ပေခန့်ရှိမြေနံရံသည် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ပင်လယ်ရေ လှိုင်းပုတ်ခတ်ခြင်းတို့ကြောင့် ပြိုကျသွားခဲ့သည်။ ၁၄၀၀ အချိန်ခန့်တွင် အဆိုပါမြေပြိုသည့်နေရာနှင့် ကိုက်(၃၀)ခန့် အကွာရှိ ဦးတင်စိုး(၄၃)နှစ်၏ (၁၅x၃၀)ပေရှိ သစ်လုံးတိုင်/ ပျဉ်ခင်း/ ထရံကာ/ ဓနိမိုးနေ အိမ်ပေါ်သို့ လုံးပတ်(၁၈)ပေ၊ အလျား(၁၂၀)ပေရှိ သစ်ပင်ကြီး လဲကျသဖြင့် နေအိမ် ပျက်စီးပြီး တန်ဘိုးငွေကျပ်(၂၀၀၀၀၀ိ/-)ခန့် ဆုံးရှုံးခဲ့သည့် အပြင် ဦးတင်စိုးတွင် ထိခိုက်ပွန်းပဲ့ ဒဏ်ရာများရရှိခဲ့၍ ကျေးလက်ကျန်းမာရေးဌာနတွင် ဆေးကုမှုခံယူလျက် ရှိကြောင်း သတင်း ရရှိသည်။

ရဲဇာနည်

0 comments: