Friday, June 7, 2013

မြိတ်ခရိုင် NLD ရုံးခန်းနှင့် ဆိုင်းဘုတ် ဖွင့်ပွဲ ကျင်းပပြုလုပ်

တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရုံးခန်း ဖွင့်ပွဲနှင့် ဆိုင်းဘုတ် တင်ပွဲ အခမ်းအနားကို ၂၀၁၃ ခုနှစ်၊ ဇွန်လ (၆) ရက်နေ့ နံနက် (၈) နာရီအချိန်တွင် မြိတ်မြို့ မြစ်ငယ်ရပ် ရွှေကျောင်းလမ်းရှိ မြိတ်မြို့နယ် NLD ရုံးတွင် ကျင်းပပြုလုပ်ရာ ကျွန်းစုမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီ နှင့် မြိတ်ခရိုင်၊ မြိတ်မြို့နယ် NLD ပါတီဝင်များ ၊ ပြည်ခိုင်ဖြိုး ပါတီ၊ (၈၈) မျိုးဆက် ကျောင်းသား အဖွဲ့ဝင်များ စုစုပေါင်း အင်အား (၉၀) နီးပါးခန့် တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဗဟို) ဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ဦးကိုနီ တို့မှ ဆိုင်းဘုတ် ကြိုးဆွဲ ဖွင့်လှစ်၍ မြိတ်ခရိုင် NLD ပါတီ ဥက္ကဋ္ဌ ဦးသန်းနွယ်နှင့် အတွင်းရေးမှူး ဦးစိုးလွင်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ကာ ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီနှင့် မြိတ်ခရိုင် NLD ပါတီ ဥက္ကဋ္ဌ ဦးသန်းနွယ်တို့မှ တက်ရောက်လာကြသော ပါတီဝင်များနှင့် ဧည့်သည်များအား ကျေးဇူး တင် စကား ပြောကြားကာ အခမ်းအနားကို နံနက် (၈း၃၀) နာရီတွင် ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။



0 comments: