Thursday, June 13, 2013

မြိတ်မြို့ရှိ အဟောင်းပစ္စည်းဆိုင်များ လမ်းပေါ်တွင် ပိတ်ဆို့နေခြင်းကို ဖယ်ရှားပေးရန် ပြည်သူများ လိုလားနေ

မြိတ်မြို့ပေါ်ရှိ နောက်လယ်ရပ်ကွက် ၊ မြိတ်တောင်ရပ်ကွက်၊ တလိုင်းစုရပ်ကွက် ကန်ခေါင်း ရပ်ကွက်များရှိ အဟောင်းပစ္စည်း ဆိုင်တစ်ချို့သည့် အများပြည်သူသုံး လမ်းပေါ်တွင် ပိတ်ဆို့ပြီး ပစ္စည်းများ စုပုံခြင်း ကို သက်ဆိုင်ရာမှ ဖယ်ရှားပေးရန် လိုအပ်နေကြောင်း သိရှိရသည်။ 


ကျွန်တော်တို့ တလိုင်းစုရပ် တတိယ လမ်းမှာဆိုရင် အဲဒီ အဟောင်းပစ္စည်ဆိုင်က ကတ္တရာလမ်း တစ်ဝက် လောက်ကို ပိတ်ပြီးတော့ ပစ္စည်းတွေ စုပုံထားပါတယ်။ အဲဒီအတွက် မီးဘေးအန္တရာယ်လည်း စိုးရိမ်ရပါတယ်။ လမ်းပိတ်ထားသလို ဖြစ်နေတော့ ယာဉ်များ သွားလာရတာလဲ မလွယ်ကူးပါဘူး ။ လမ်းတွေလမ်း ပျက်စီး နေပါပြီ။ ဒါကြောင့် အမြန်ဆုံး ဖယ်ရှားပေးဖို့ တောင်းဆိုပါတယ်ဟု လမ်းသား တစ်ဦးက ပြောသည်။ 

မြိတ်မြို့တွင် အဟောင်းပစ္စည်း ဆိုင်များသည် နောက်လယ် ရပ်ကွက် ၊ တလိုင်းစုရပ်ကွက် ၊ မြိတ်တောင် ရပ်ကွက်၊ မြိတ်တောင် ကျေးရွာများတွင် အများဆုံး တည်ရှိလျက်ရှိပြီး ငါးဖမ်းပိုက်စုတ်များ၊ သံထည်များ၊ ပုလင်းခွံဘူးခွံများ၊ ပလပ်စတစ်များ အစ ရှိသည်များကို မြို့ပေါ် ရပ်ကွက်များအတွင်း ၀ယ်ယူပြီး ရန်ကုန် မြို့နှင့် ယိုးဒယားနိုင်ငံ ရနောင်း မြို့များသို့ တဆင့် တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရှိရပြီး ၀ယ်ယူ စုဆောင်း ရာတွင်လည်း ပစ္စည်းများကို ကတ္တရာ လမ်းများပေါ်တွင်စုပုံပြီး ထုပ်ပိုးလျက် ရှိကြောင်း သိရသည်။



3 comments:

Unknown said...

ဒါတင် ဘယ်ကမလဲ ခင်ဗျာ အိမ်နောက်ဖေး လမ်းကြား မှာဆိုရင် ရေမြောင်း တောင်မရှိတောပါဘူး၊ ကြောင်ငယ်ရပ်ကွက် ဆိုအဆိုးဆုံးပါဘဲ့။

Unknown said...

ဆည်ပင် ဥပဒေ နှင့်မညီညွှတ်ဘဲ ဆောက်နေတဲ့ အိမ်လဲဆောက်နေတုန်းဘဲ၊ဆည်ပင် ကသိရက်နှင့် ခွင့်ပြုနေတော့လဲ မြိတ်မြို့က မီးလောင်မူ တွေတိုးလာအုံးမှာသေချာပါတယ်၊ခြင်တွေလဲပေါပြီး သွေလွန် တုပ်
ကွေးကလဲ မြိတ်မြို့မှာဖြစ်နေပါပြီ။

Unknown said...

မြိတ်စည်ပင်သာယာရေးဦးစီးဌာနမှစည်ပင်ဥပဒေနှင့်အညီထိရောက်စွာအရေးယူမှသာလျင်နောင်ဆိုရင်ရှောင်ကြဉ်သွားမှာပါ။လွတ်ထားတော့ဂရုမစိုက်ကြဘူး။ပြတ်ပြတ်သားသားဆောင်ရွက် ကြပါ။