Saturday, June 22, 2013

မြိတ်မြို့ ကလွင်ရေပုန်းရပ်ကွက်၌ ဘိန်းစာမှုန့်များ ဖမ်းဆီး


(၂၁-၆-၂၀၁၃) ရက်နေ့ နေ့လည် (၂) နာရီ အချိန်ခန့်တွင် မြိတ်ခရိုင် ရဲတပ်ဖွဲ့ ဒုစရိုက် နှိမ်နှင်းရေး အဖွဲ့၊ မြိတ်မြို့မ ရဲတပ်ဖွဲ့စခန်း၊ နယ်ထိန်းတပ်ဖွဲ့၊ အမှတ်(၁)နှင့် အမှတ်(၄) နယ်မြေ ရဲကင်းမှူးများနှင့် အုပ်ချုပ်ရေး အဖွဲ့ဝင်များသည် သတင်းအရ မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု ကလွင်ရေပုန်းရပ် တက္ကသိုလ်ရိပ်သာလမ်းရှိ အောင်ခန့် (ခ) အောင်အောင် (ဘ) ဦးအောင်မြင့်သိန်း ၏ နေအိမ်အား သက်သေများနှင့်အတူ ၀င်ရောက်ရှာဖွေရာ အောင်အောင်(ခ) အောင်ခန့် ပါ (၆) ဦးအား ဘိန်းစာမှုန့် အထုပ် (၇၀)နှင့် ဓားလှံ လက်နက် အချို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုသို့ သက်သေခံ ဘိန်းစာမှုန့်နှင့် အတူ ဖမ်းဆီးရမိသော အောင်အောင်(ခ) အောင်ခန့်၊ မျိုးဇော်လင်း၊ ဖြိုးအောင်၊ လောင်ကီး(ခ) သက်နိုင်ထွန်း၊ ကျော်နိုင်(ခ) အောင်သူ၊ မောင်ထွေး တို့အား မြိတ်မြို့မ ရဲစခန်းတွင် ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိပါသည်။

0 comments: