Monday, June 24, 2013

မြိတ်မြို့တွင် တတိယအကြိမ် အဖြစ် တန်ဖိုးနည်းဖုန်း CDMA (800) MံHz အလုံးရေ ၁၀၀၀ ရောင်းချမည်

၂၀၁၃ ခုနှစ်၊ ဇွန်လ (၂၀)ရက်နေ့တွင် MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း  မိုဘိုင်းဖုန်း ဆင်းကဒ် များကို ဒုတိယအကြိမ် အဖြစ် ရောင်းချလျက် ရှိရာ တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့နယ် အနေဖြင့် အနေဖြင့် အလုံးရေ (၁၀၀၀) ရောင်းချခွင့် ခွဲတမ်း ရရှိကြောင်းနှင့် ခွဲတမ်း အလုံးရေ (၁၀၀၀)တွင် တပ်မတော် အတွက် အလုံးရေ (၂၀၀) ၊ ဌာနဆိုင်ရာ ၀န်ထမ်းများအတွက် အလုံးရေ (၂၆၈)လုံး၊ ပြည်သူလူထုအတွက် (၅၃၂)လုံး ခွဲတမ်းချထားကြောင်း သိရရှိသည်။

မြိတ်မြို့နယ်အတွင်း တတိယအကြိမ် ခွဲတမ်းရရှိသော တယ်လီဖုန်းများ အနက် ပြည်သူလူထု အတွက် ရောင်းချမည့် တယ်လီဖုန်း အလုံး (၅၃၂)လုံးအား ရပ်ကွက်ကျေးရွာ ကြီးများ ဖြစ်သည့် ကန်ဖျားရပ်ကွက်၊ အလယ်ကျွန်းရပ်ကွက် ၊ မြိတ်တောင်ရပ်ကွက်၊ မြိတ်တောင်ကျေးရွာ၊ ကလွင်ကျေးရွာ၊ စန္ဒ၀တ်ကျေးရွာ၊ ရေပုန်း ရပ်ကွက် တို့အား တစ်ရပ်ကွက်လျှင် အလုံးရေ (၄၈)လုံးနှုန်းဖြင့်လည်းကောင်း၊ ရပ်ကွက်ငယ်များဖြစ်သည့် နောက်လယ်၊ ဈေးတန်း၊ ထားဝယ်စု၊ ကန်ကြီး၊ ကန်ခေါင်း တို့အား (၂၄) နှုန်းဖြင့်လည်းကောင်း၊ ဆိပ်ငယ် ရပ်ကွက်နှင့် တလိုင်းစု ရပ်ကွက်တို့အား (၁၂)လုံးစီဖြင့် လည်းကောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ အစီအစဉ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

မြိတ်မြို့နယ် အတွက် ပထမကြိမ် ခွဲဝေ ချထားပေးသည့် ခွဲတမ်းမှာ ဖုန်းအလုံးပေါင်း (၃၀၉၀) ဖြစ်ပြီး တပ်မတော်မှ (၅၁၀)၊ ဌာနဆိုင်ရာမှ (၈၀၀)နှင့် ပြည်သူလူထု အတွက် (၁၇၈၀) ကျော်ခန့်ကို ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂ဝ၁၃ ခုနှစ် ဧပြီ ၂၄ ရက်တွင် စတင် ခွဲဝေ ရောင်းချပေးခဲ့ပြီး ဒုတိယ အကြိမ်တွင် အလုံးရေ (၅၀၀) ခွဲတမ်း ရရှိပြီး တပ်မတော် အတွက် ခွဲတမ်းမပါဝင်ပဲ ဌာနဆိုင်ရာ (၂၀၀) လုံးနှင့် ပြည်သူလူထု (၃၀၀)လုံး အား မေလ (၂၀) ရက်နေ့တွင် လည်းကောင်း ရောင်းချပေးခဲ့ပြီး ဖြစ်ကြောင်း သိရှိ ရသည်။

ယခုအခါ မြိတ်မြို့နယ်အတွက် အသုံးပြုခွင့် ချထားပေးသည့် MECTEL အမှတ်တံဆိပ်ပါ CDMA (800) MHz တန်ဖိုးနည်း  မိုဘိုင်းဖုန်း ဆင်းကဒ် စုစုပေါင်းမှာ (၄၅၉၀) ရှိပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။  


0 comments: