Saturday, June 8, 2013

မြိတ်မြို့၌ ထိုင်းနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များနှင့် မြိတ်ခရိုင် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး


ထိုင်းနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များနှင့် မြိတ်ခရိုင် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ ဆုံဆွေးနွေးပွဲကို ဇွန်(၆)ရက် မွန်းလွဲ(၂)နာရီတွင် မြိတ်ဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ထိုင်းနိုင်ငံ စီးပွားရေး လုပ်ငန်းရှင် (၃၅)ဦးနှင့် မြိတ်ခရိုင်စီးပွားရေး လုပ်ငန်းရှင်(၂၄)ဦး တက်ရောက်ကြသည်။


ရှေးဦးစွာ ထိုင်းနိုင်ငံ Phisaluloke ခရိုင်မှ Indochina Intersection Development Institute Chairman and Naresuan Universety Council Vice Chairman, General Dr Sivi Thiwaphan က ကြိုဆို နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။ ယင်းနောက် Naresual Universety Vice President မှ Professor Dr Pupong Pongchareom က Phisaluloke တက္ကသိုလ် အကြောင်း ရှင်းလင်း ပြောကြားပြီး Phisaluloke Commerce Chamber Chairman, Mrs Nuchjarin Srithong Panaboon က နုတ်ခွန်းဆက် စကားပြောကြား ကြသည်။

ဆက်လက်၍ ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်မိုးက ကုန်သွယ်မှု ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း ပြောကြားပြီး မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်း ဒုတိယ ဥက္ကဌ ဦးကြည်စန်းက ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြားသည်။ ထိုနောက် ထိုင်းနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များနှင့် မြိတ်ခရိုင်စီးပွားရေး လုပ်ငန်းရှင်များက တစ်ဦးချင်း မိတ်ဆက် ကြပြီး အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ် ကြသည်။

ဆက်လက်၍ ထိုင်းနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များနှင့် မြိတ်ခရိုင်စီးပွားရေး လုပ်ငန်းရှင်များ ဆိုင်ရာလုပ်ငန်း အချင်းချင်း ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ထိုင်းနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များ အဖွဲ့သည် နံနက်ပိုင်းတွင် ပြည့်ဖြိုးထွန်း ကုပ္မဏီ အအေးခန်းစက်ရုံ၊ သင်္ဘော လွန်းကျင်း၊ အထပ်သားစက်ရုံ၊ ငါးမုန့်စက်ရုံ၊ ဂဏန်းပျော့မွေးမြူရေးကန်များသို့ သွားရောက် လေ့လာခဲ့ကြကြောင်း သတင်း ရရှိသည်။

 မြ၀တီ






0 comments: