Monday, June 10, 2013

မြန်မာ့လေကြောင်းမှ လေယာဉ် ကော့သောင်း လေဆိပ်တွင်ပြေးလမ်း ချော်၍ တောင်ပံနှစ်ဘက်ရှိ ပန်ကာများ ကျိုးပဲ့ပျက်စီး



ရန်ကုန်- မော်လမြိုင်- ကော့သောင်း- မော်လမြိုင်-ရန်ကုန် ပြေးဆွဲသည့် မြန်မာ့ လေကြောင်းမှ ခရီးစဉ် အမှတ် UB-309၊ လေယာဉ် အမှတ် XY-AIP၊ လေယာဉ် အမျိုးအစား MA-60 လေယာဉ်သည် Capt. မောင်မောင်လွင် ပါ လေယာဉ် အမှုထမ်း(၄)ဦး ... လိုက်ပါ မောင်းနှင်ပြီး ၁၀-၆-၂၀၁၃ ရက်နေ့ ၁၁၅၅ အချိန် မော်လမြိုင်မှ ခရီးသည် (၅၅)ဦး၊ ရင်ခွင်ပိုက်ကလေးငယ်(၅)ဦးတို့အား တင်ဆောင်၍ ကော့သောင်းသို့ ခရီးစဉ်အတိုင်း ဆက်လက် ထွက်ခွာလာခဲ့သည်။


၁၃၀၅အချိန် ကော့သောင်းသို့ ရောက်ရှိပြီး ကော့သောင်း လေဆိပ်သို့ မြောက်မှ တောင်ဘက်  လေယာဉ်ပြေး လမ်း အတိုင်း ဆင်းသက်စဉ် လေယာဉ် ပြေးလမ်းချော်ပြီး လေယာဉ်ပြေးလမ်း၏အနောက်ဘက် ပေ ၂၀၀ ခန့် အကွာရှိ ခြုံပုတ် အတွင်းသို့ ရောက်ရှိခဲ့သည်။

လေယာဉ် ပြေးလမ်းချော် မှုကြောင့် လေယာဉ်ပေါ်ပါ ခရီးသည်များနှင့် လေယာဉ် အမှုထမ်းများ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း၊ လေယာဉ်၏ ဘယ်ဘက် တောင်ပံအင်ဂျင်မှ မီးခိုးများ ထွက်လာ၍ လေယာဉ်ပေါ်တွင် ပါရှိသည့် မီးသတ် ဆေးဗူးများဖြင့် ငြှိမ်းသတ် ခဲ့ကြောင်းနှင့် လေယာဉ်၏ တောင်ပံနှစ်ဘက်ရှိ ပန်ကာ(၂)လုံး၏ ဒလက်များ ကျိုးပဲ့ပျက်စီး သွားကြောင်း သတင်းရရှိသည်။

ရဲဇာနည် ၊ ဓာတ်ပုံ - hoe.hoe.kyaw3 


0 comments: