Friday, June 7, 2013

မြိတ်မြို့၌ အသေးစား ချေးငွေများ ထုတ်ချေး


မြိတ်မြို့ သီရိမင်္ဂလာ ဈေးသူဈေးသား များအား အသေးစား ချေးငွေများ ထုတ်ချေးခြင်း အခမ်းအနားကို ဇွန်လ (၅) ရက်နေ့  မွန်းလွဲ ၂ နာရီက မြိတ်မြို့ ပုလဲရတနာ ခန်းမ၌ ကျင်းပခဲ့ရာ မြိတ်မြို့နယ် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက အမှာစကား ပြောကြားသည်။ ယင်းနောက် သီရိမင်္ဂလာ ဈေးသူဈေးသား ၁၁၇ ဦးအား တစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ငွေကျပ် ၁၁၇ သိန်းကို မြိတ်မြို့နယ် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ထုတ်ချေး ပေးကြသည်။

အလားတူ သီဟဇေယျာ ဈေးသူဈေး သား ၁၃၆ ဦးကို တစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ငွေကျပ် ၁၃၆ သိန်းကို လည်းကောင်း ၊ အောင်မင်္ဂလာ ဈေးသူဈေးသား ၅၅ ဦးကို တစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ငွေကျပ် ၅၅ သိန်းကို လည်းကောင်း၊ မြိတ်မြို့နယ် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက ထုတ်ချေး ပေးခဲ့ကြသည်။ အဆိုပါ ချေးငွေများသည် မြိတ်အများပိုင် ကော်ပိုရေးရှင်း လီမိတက် မှ ချေးငွေများ ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီ



0 comments: