Friday, June 28, 2013

လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင်လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့မှ မြိတ်မြို့ အဝေးပြေး ယာဉ်ရပ်နားစခန်းတွင် ဇွန် ၂၇ ရက် နံနက် ၄ နာရီတွင် မြိတ်မြို့မှ ကော့သောင်းမြိုသို့ ထွက်ခွာမည့် မြိတ်တံခွန်၊ အောင်စည်မင်း၊ ရွှေသာရီ မှန်လုံမော်တော်ယာဉ်တို့ဖြင့် လိုက်ပါသည့် ခရီးသည်နှင့် ယာဉ်မောင်း များကို မြိတ်ခရိုင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ ရဲအုပ် ဟန်သိန်းဦးနှင့် တပ်ဖွဲ့ဝင်များ၊ Word Vision (မြိတ်)မှ စီမံချက် ၀န်ထမ်း ဦးသက်ကောင်းမြတ်ဦး တို့ ပါဝင်သော အဖွဲ့သည် လူကုန်ကူးမှု တားဆီး ကာကွယ်ရေးလုပ်ငန်း များ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ အဖွဲ့သည် မှန်လုံမော်တော်ယာဉ်များ မထွက်ခွာမီ မော်တော်ယာဉ် တစ်စီးချင်းစီ၌ မော်တော် ယာဉ်၏ အတွင်းဘက် ရှေ့မျက်နှာစာ ၀ဲယာနေရာများ၌ “လူကုန်ကူးမှုရပ် စာတမ်းနှင့် ဖုန်းနံပါတ်များ ပါဝင်သော အလျား ၁၄ လက်မ၊ အနံ ၄ လက်မ အရွယ်ရှိ ပညာပေး စတေကာများ ကပ်ပေးပြီး “လူကုန်ကူးမှုရပ် စာတမ်းနှင့် ဖုန်းနံပါတ်ပါ သော့ချိတ်များ ပေးခဲ့သည်။ ခရီးသွားပြည်သူများအား လူကုန်ကူးမှု မခံရစေရေး အတွက် အသိပညာပေး လက်ကမ်း စာစောင်များပေးအပ် ကာ လူကုန်ကူးမှု ဆိုင်ရာ အသိ ပညာပေး ဆွေးနွေး ခဲ့ကြကြောင်း သတင်း ရရှိသည်။


0 comments: