Thursday, June 27, 2013

အမျိုးစောင့်ဥပဒေ ပေါ်ပေါက်ရေး သံဃ ညီလာခံ သို့ မြိတ်မြို့မှ ဆရာတော် (၂)ပါး တက်ရောက်


ရန်ကုန်မြို့၊ အောင်ဆန်း မိုးကုတ်ရိပ်သာကျောင်း၌ အမျိုးစောင့် ဥပဒေ သံဃ ညီလာခံကို ယနေ့ (၂၇) ရက်နေ့ နံနက် (၉)နာရီအချိန် ပြုလုပ်လျက် ရှိရာ ထိုညီလာခံသို့ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ နိုင်ငံတော် သြ၀ါဒ စရိယ ဆရာတော်ကြီးများ၊ သြဇာ ကိတ္တိမ ကြီးမားသော ဆရာတော်များ၊ ကျောင်းထိုင် ဆရာတော်များ ၊ ကြွရောက် ဆွေးနွေးလျက် ရှိရာ မြိတ်မြို့နယ်မှ အောင်မင်္ဂလာ ပရိယတ္တိစာသင်တိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တ ဓမ္မ၀ံသနှင့် ကောလိပ်ကုက္ကိုလ် ပရိယတ္တိစာသင်တိုက် တိုက်အုပ် ဆရာတော် ဘဒ္ဒန္တ စန္ဒ၀ံသ တို့ (၂) ပါး တက်ရောက် ဆွေးနွေးလျက် ရှိကြောင်း သိရသည်။ 


ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ကြွရောက်တော်မူလာကြကုန်သော သံဃာတော်များသည် (၂၆၊၆၊၂၀၁၃)ရက်နေ့ ည(၇)နာရီမှ (၁၀)နာရီခန့်ထိ အကြိုညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အဆိုပါ အကြိုညှိနှိုင်းဆွေးနွေးပွဲတွင် အင်းစိန်ရွာမ ဆရာတော်ကြီး အမှူးပြုသော သံဃာတော်များ တက်ရောက်ဆွေးနွေးခဲ့ကြပြီး၊ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ခေါင်းစဉ်ဖြင့် ဖွဲ့စည်းပုံနှင့် မူဝါဒ စည်းမျဉ်း၊ စည်းကမ်းများချမှတ်သွားရန် အချုပ်အားဖြင့် ချမှတ် သဘောတူခဲ့ကြောင်း သတင်းရရှိပါသည်။ 

0 comments: