Tuesday, June 11, 2013

မြိတ်မြို့ ကန်ခေါင်းရပ်ကွက်အတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ



၂၀၁၃ ခုနှစ်၊ ဇွန်လ (၉) ရက်နေ့ ညနေ(၆)နာရီကျော် အချိန်ခန့်တွင် မြိတ်ခရိုင်အထူးမှုခင်းနှိမ်နင်းရေး အဖွဲ့မှ ရဲအုပ်ချိုလွင် ဦးစီး အဖွဲ့၊ မြိတ်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ ၊ အမှတ်(၂)နယ်မြေ ရဲကင်းမှ တပ်ဖွဲ့ဝင်များ၊ ကန်ခေါင်းနှင့် ဈေးတန်းရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ၊ မြိတ်မြို့နယ် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းမှ (MANA )မှ အဖွဲ့ဝင်များ ပါဝင်သော အဖွဲ့ သည် သတင်းအရ မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူးမှ ထုတ်ပေးသော မူးယစ်ဆေးဝါး ရှာဖွေ ဖမ်းဆီးခွင့် ဝရမ်းအမှတ် (၅/၂၀၁၃)ဖြင့် မြိတ်မြို့ ကန်ခေါင်းရပ်ကွက်၊ အမှတ်(၃၀၁) နေ ထွန်းလွင်(ခ) ရှာဖွီ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ထွန်းလွင် ထံမှ WY စိတ်ကြွဆေး ပြား(၁၆၄)ပြား၊ ဘိန်းစာမှုန့်(၇၀) ဂရမ်ပါ (၉)ထုပ်၊ ဆေးခြောက် (၁) ဂရမ်ပါ (၁)ထုပ်၊ မူးယစ် ဆေးဝါး ရောင်းရငွေ (၅၃၅၅၀၀ိ/)ကျပ်၊ ဆေးရှု ကိရိယာတို့အား ရှာဖွေသိမ်းဆီး ရမိသသည်။ 


ထိုသို့ မူးယစ်ဆေးဝါးများ လက်ဝယ်တွင် ဖမ်းဆီးရမိသူ ထွန်းလွင်အား ရဲအုပ် ချိုလွင်မှ အရေးယူပေးရန် တိုင်တန်း သဖြင့် ထွန်းလွင်အား မြိတ်မြို့မ ရဲစခန်း မယ (ပ) ၂၁/၂၀၁၃၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က) /၂၀(က) /၂၁ အရ အမှုဖွင့် အရေးယူထားကြောင်း သတင်း ရရှိပါသည်။


0 comments: