Sunday, June 30, 2013

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူခြင်းနှင့် မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲ ကျွန်းစုမြို့၌ ကျင်းပ

မြန်မာ အမျိုးသမီးများနေ့ အထိမ်းအမှတ် မြေစိုက် ပိုစတာ စိုက်ထူပွဲနှင့် မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကို  ၂၀၁၃ ခုနှစ် ဇွန်လ (၂၉) ရက်နေ့ တွင် ကျွန်းစုမြို့၌ ကျင်းပပြုလုပ်ရာ ပထမဦးစွာ  မြေစိုက်ပိုစတာ စိုက်ထူခြင်း အခမ်းအနားအား နံနက်(၇း၃၀)နာရီအချိန် ကျွန်းစုမြို့ အမှတ်(၂)ရပ်ကွက် ဗိုလ်ချုပ်လမ်း၌ ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာဝင်းနှင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း ၀င်များ၊ ပြည်သူလူထုများ  တက်ရောက် ခဲ့ကြပြီး မြေစိုက်ပိုစတာ ဆိုင်းဘုတ်အား မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင် ဒေါ်သီတာမျိုးနှင့် ဒေါ်တင်တင်ကြည်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။

ထိုနောက်  မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲကို နံနက် (၈)နာရီ အချိန်တွင် အမှတ်(၃)ရပ်ကွက် မြို့မ အားကစားကွင်း အနီး စိုက်ကွင်းတွင် ကျင်းပရာ ပျဉ်းကတိုး(၂၀၀)ပင်၊ စိန်ပန်း(၁၅၀)ပင်၊ မဲဇလီ(၁၅၀)ပင်၊ ယူကလစ်(၅၅)ပင် စုစုပေါင်း(၅၅၅)ပင်ကို တနင်္သာရီရေ တပ်စခန်း ဌာနချုပ် ဒုတိယ ဌာနချုပ်မှူးနှင့် အရာရှိများ၊ မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ဌာန ဆိုင်ရာများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း (၂၅၀)ဦးခန့်က စိုက်ပျိုးခဲ့ကြောင်း သတင်း ရရှိပါသည်။


0 comments: