Sunday, June 30, 2013

မီးနီ ဖြတ်မောင်းသည့် မော်တော်ယာဉ် စစ်ဆေးရာမှ လိုင်စင်မဲ့ယာဉ်ဖြစ်၍ အရေးယူ

၂၀၁၃ ခုနှစ် ဇွန်လ (၂၇) ရက်နေ့ နံနက် (၁၀) နာရီ ကျော် အချိန်ခန့်တွင် ယာဉ်အမှတ် ၃ဂ/၅၂၄၇ Nissan နံသာရောင် သည် မီးပွိုင့်မီးနီအား ဖြတ်မောင်း သဖြင့်   မြိတ်မြို့ ကရာနီ မီးပွိုင်တွင် တာဝန် ထမ်းဆောင်နေသော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ ၄င်းယာဉ်အား ရပ်တန်း၍ စစ်ဆေးခဲ့ရာ ၄င်းယာဉ်မောင်း တပ်ကြပ်ကြီး စိုးသူဝင်း ၊ အမှတ်(၉၄၅) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ် မြိတ်မြို့သည် ယာဉ်နှင့် ပတ်သက်ပြီး သက်သေခံ အထောက်အထား တစ်စုံတစ်ရာမှ ပြသနိုင်ခြင်း မရှိပဲ 


လိုင်စင်မဲ့ မော်တော်ယာဉ် ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသောကြောင့် ယာဉ်မောင်းအား ပို့ကုန်/ သွင်းကုန် ပုဒ်မ (၈)အရ မြိတ်မြို့မ ရဲစခန်းတွင် (ပ) ၂၇၃/၂၀၁၃ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိ ပါသည်။ 

 

0 comments: