Saturday, June 15, 2013

မြိတ်မြို့၌ သင်္ကန်းဝတ်ဖြင့် အလှူခံပြီး မူးယစ် သောက်စားနေသူများအား ဖမ်းဆီးအရေးယူ

မြိတ်မြို့နယ်အတွင်း သင်္ကန်းဝတ်ဖြင့် အလှူခံပြီး  မူးယစ်သောက်စားနေသူ သံဃာအတု (၃)ဦးအား မြိတ်ခရိုင် သာသနာရေး ဦးစီးဌာန၊ မြိတ်မြို့နယ် ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ ၊ မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူလူထု၏ သတင်းပေးချက်များအရ ၂၀၁၃ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့ ည (၉)နာရီ အချိန်ခန့်တွင် ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း သိရှိသည်။ 


မြိတ်မြို့ မြိတ်တောင်ရပ်ကွက် မြို့မ (၂) ရပ်ကွက်ရှိ ………………. ဘုန်းတော်ကြီးကျောင်း၌ တည်းခို နေထိုင်သူ ရှင်ဥတ္တမ (ခ) အုန်းညွန်သည် ကိုရင်ကြီး အဖြစ်ရှိသော်လည်း ရဟန်း အဖြစ် အယောင်ဆောင်ပြီး သင်္ကန်းဝတ်ဖြင့် အရက်ဘီယာ သောက်သုံးခြင်း၊ ထောက်ခံစာ အတုများဖြင့် မြိတ်မြို့ပေါ် ရပ်ကွက်များ အတွင်း  လှည့်လည် အလှူခံခြင်းတို့ ပြုလုပ်ခဲ့သည်။ ထို့အပြင် မြို့မ (၂) ရပ်ကွက် အတွင်းရှိ နေအိမ်တစ်အိမ်တွင်လည်း ဦးဝဏ္ဏသာမိ (ခ) ၀င်းလှိုင် ၊ အသက် (၃၂) နှစ်၊ ဦးအိန္ဒောဘာသာ (ခ) ကျော်ဝေ (၅၂) နှစ် တို့သည့် ဘုန်းတော်ကြီး ကျောင်းတွင် နေထိုင်ခြင်း မရှိပဲ နေအိမ်တွင် တည်းခို နေထိုင်၍ ရပ်ကွက်အတွင်း လှည့်လည် အလှူခံပြီး အရက်သေစာ သောက်စားခြင်း ဆောင်ရွက်နေသဖြင့် သက်သေများဖြင့် ဖမ်းဆီး မိသောကြောင့် ၄င်းတို့ (၃) ဦးအား မြိတ်မြို့ မြို့မရဲစခန်းတွင် သာသနာတော် ညှိုးနွမ်းအောင် ဆောင်ရွက်သည့် ပြစ်မှု ပုဒ်မ ၂၉၅ (က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

0 comments: