Saturday, June 8, 2013

၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ထုတ်ပြန် ကြေညာ မြိတ်မြို့နယ်မှ အောင်ချက် ၃၇.၂၀% ဖြင့် အောင်မြင်



၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဇွန်လ (၈) ရက်နေ့ နံနက် (၆) နာရီအချိန်မှ စတင်၍ သက်ဆိုင်ရာ ကျောင်းအသီးသီးရှိ စာစစ်ဌာနများတွင် တရားဝင် ကပ်၍ ကြေညာထားခဲ့ပြီး မြို့နယ် ပညာရေးမှူးရုံး၏ ထုတ်ပြန် ကြေညာ ချက်အရ ၂၀၁၃ ခုနှစ် အောင်ချက် ရာခိုင်နှုန်းမှာ (၃၇.၂၀%) ရှိကြောင်း သိရသည်။ မြိတ်မြို့နယ် အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲအား ကျား (၁၁၄၃)ဦး၊ မ (၂၀၉၁)ဦး ၊ ပေါင်း (၃၂၄၃) ဦး ဖြေဆိုခဲ့သည့် အနက် ကျား (၄၃၉)ဦး၊ မ (၇၆၄)ဦး၊ ပေါင်း (၁၂၀၃) ဦး ဖြေဆို အောင်မြင်ခဲ့သည့် အတွက် အောင်ချက် ရာနှုန်းမှာ (၃၇.၂၀%) ဖြစ်သည်။

ကျောင်းတွင်းဖြေများတွင် မြိတ်မြို့နယ် အတွင်း အောင်ချက် အကောင်းဆုံး ကျောင်းမှာ ကန်စွန်းအင်း ကိုယ်ပိုင်ကျောင်း ဖြစ်ပြီး ဖြေဆိုသူ ကျား+မ (၁၄၂) ဦးရှိသည့်အနက် (၁၁၁) ဦး အောင်မြင်သည့် အတွက် အောင်ချက် ရာခိုင်နှုန်း (၇၈.၁၇%)ဖြင့် အောင်ချက်အများဆုံး ဖြစ်ပြီး အထက (၁) မြိတ်မှာ (၄၆.၄၀%)ဖြင့် ဒုတိယ၊ အထက (၃) မြိတ်မှာ အောင်ချက် (၄၀.၁၂%)ဖြင့် တတိယလိုက်ကာ စတုတ္ထ အောင်ချက် အကောင်းဆုံး ကျောင်းမှာ (၃၄.၇၃%)ရရှိခဲ့သည့် အထက (၂) မြိတ် တို့ဖြစ်သည်။

မြိတ်မြို့ အထက (၁) ကျောင်းအနေဖြင့် (၅)ဘာသာ ဂုဏ်ထူးရှင် (၂) ဦး ၊ (၄)ဘာသာ ဂုဏ်ထူးရှင် (၇) ဦး ၊ (၃)ဘာသာ ဂုဏ်ထူးရှင် (၇) ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး မြိတ်မြို့နယ်အတွင်း ဂုဏ်ထူးရ ကျောင်းသား (၁၀၇) ဦးကို အများဆုံး မွေးထုတ်ပေးနိုင်ခဲ့သည်။ အထက(၂)မြိတ်မှာ (၅)ဘာသာ ဂုဏ်ထူးရှင် (၁)ဦး၊ (၄)ဘာသာ ဂုဏ်ထူးရှင် (၂)ဦး၊ (၃) ဘာသာ ဂုဏ်ထူးရှင် (၅) ဦး ရရှိခဲ့ပြီး ဂုဏ်ထူးရ ကျောင်းသား (၉၉) ဦး ရှိခဲ့သည်။

မြိတ်တစ်မြို့နယ်လုံး အနေဖြင့် (၅)ဘာသာ ဂုဏ်ထူးရှင် (၃) ဦး၊ (၄)ဘာသာ ဂုဏ်ထူးရှင် (၁၂)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင် (၁၉)ဦး ရှိခဲ့သည်။ မြိတ်မြို့နယ်တစ်ခုလုံး အနေဖြင့် ဂုဏ်ထူးရ ကျောင်းသား (၄၄၈) ဦး ရှိခဲ့ပြီး ဂုဏ်ထူး အများဆုံး ရရှိခဲ့သည့် ဘာသာရပ်မှာ ဘောဂ ဗေဒနှင့် သင်္ချာ ဘာသာရပ် တို့ ဖြစ်ပြီး မြန်မာစာ ဘာသာရပ်နှင့် ပထ၀ီဝင် ဘာသာရပ် များတွင်မူ ဂုဏ်ထူး ရရှိမှု မရှိခဲ့ကြောင်း သတင်းရရှိပါသည်။



1 comments:

Unknown said...

အထက(၁)မှာ(၅)ဘာသာဂုဏ်ထူးရှင်ကကျား(၂)ဦး၊မ(၁)ဦး၊ပေါင်း (၃)ဦးမဟုတ်ဘူးလား၊အထက(၃)မှာ(၅)ဘာသာဂုဏ်ထူးမပါဘူးလား၊နောင်နှစ်တွင်all d ပါအောင်ဖြေဆိုနိုင်ကြပါစေ။