Sunday, June 30, 2013

မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် မြိတ်မြို့၌ ကျင်းပ


၂၀၁၃ ခုနှစ်  မိုးရာသီ သစ်ပငိ စိုက်ပျိုးပွဲကို ဇွန်လ (၃၀) ရက်နေ့ နံနက် (၉)နာရီအချိန်တွင် မြိတ်မြို့ ကျောက်ဖြူတောင်ရွာရှိ  ကွန်ပျူတာ တက္ကသိုလ် (မြိတ်) ပင်မဆောင် ပတ်ဝန်းကျင်တွင် ပြုလုပ်ခဲ့ရာ  ဌာနဆိုင်ရာများ၊ လူမှုရေး အသင်း အဖွဲ့ဝင်များနှင့် ပြည်သူများက ရတနာတန်းဝင် သစ်မျိုးဖြစ်သော ပျဉ်းကတိုးပင် (၅၄၀)ပင်ကို စိုက်ပျိုးခဲ့သည်။ 


ထို သစ်ပင်စိုက်ပျိုး ပွဲတော်သို့  မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့် မြိတ်ခရိုင် သစ်တောဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်မောင်လွင်တို့က သစ်ပင်စိုက်ပျိုးပွဲ တက်ရောက်လာကြသူများအား ပျိုးပင်များ ပေးအပ်ပြီးနောက် တက်ရောက်လာသူများက သတ်မှတ်နေရာများတွင် ပျိုးပင်များ စနစ်တကျ စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိပါသည်။ 


0 comments: