Monday, June 3, 2013

အတောင်းအရမ်းကြမ်းသော ကျောင်းအုပ်ဆရာမကြီးအား အရေးယူ ပေးစေလို (ပေးစာ)



ယခုနှစ် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများတွင် ကျောင်းအပ်နှံကြေးများ ကောက်ခံခြင်း မပြုရန် နိုင်ငံတော် အစိုးရမှ တရားဝင် ထုတ်ပြန် ကြော်ငြာထားပြီး ဖြစ်သည်။ တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့နယ် အတွင်းရှိ ကျောင်းများမှာလည်း ယင်းကြော်ငြာချက်ကို သိရှိပြီး၊ တောင်းခံခြင်း မရှိသော်လည်း၊ အထက်တန်းကျောင်း တစ်ကျောင်းဖြစ်သော အ.ထ.က(၃)မှ ကျောင်းအုပ် ဆရာမကြီး ဒေါက်တာ ဒေါ်သင်းသင်းခိုင်မှာ မိမိကိုယ်ကျိုး အတွက် ကျောင်းအပ်နှံ လာကြသော မိဘရှင်များ ထံမှ နည်းမျိုးစုံဖြင့် တောင်းခံလျက် ရှိသည်။ အကြောင်းမှာ သူငယ်တန်း ကျောင်းသား တစ်ဦးလျှင် အနည်းဆုံး တစ်သိန်းကျ ကောက်ခံလျက်ရှိပြီး၊ ငွေကြေးမပေးနိုင်သော ကျောင်းသားများ ကိုမူ ကျောင်းဝင် ခွင့်မပြုပါ။ ဒေါက်တာ ဒေါ်သင်းသင်းခိုင်မှာ ငွေအလွန်မက်ပြီး မိမိ၎င်းနေရာ ရောက်ရန်အတွက် သိန်းရာနှင့် ချီပြီးပေးခဲ့ရကြောင်း ကိုလည်း ကျောင်းထဲတွင် မကြာခဏ ပြောဆိုလျက် ရှိသည်။ အခုအခါ ဒေါ်သင်းသင်းခိုင်သည့် ဗနုလ လမ်းထိပ်တွင် တိုက်ကြီးတစ်လုံးဆောက်လုပ်လျက်ရှိသည်။


၎င်း ငွေတောင်းခံနေသော သတင်းကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ မြို့နယ်ပညာရေးမှူး၊ တိုင်းဒေသကြီး ပညာရေးမှူးနှင့် အထူး စုံစမ်းစစ်ဆေးရေး တို့မှာလည်း သိရှိပါသော်လည်း၊ မိမိတို့နှင့် မသက်ဆိုင် သကဲ့သို့ စစ်ဆေးခြင်း၊ သတိပေးဟန့်တားခြင်းလည်း မပြုဘဲ ရေငုံနုတ်ပိတ် လျက်ရှိနေခြင်း အပေါ် ကျောင်းသားမိဘများ မှလည်း မကျေမနပ်ဖြစ်လျက်ရှိ၏။


ပြည်သူလူထ၏ အကျိုးကို မကြည့်တတ်သော ထိုဆရာမကြီးမျိုးကို ဟန့်တား အရေးယူပေးပါရန် နှင့် ပြည်ထောင်စု ပညာရေး ၀န်ကြီးများ သိရှိရန် အတွက် အသိပေးအကြောင်းကြားတင်ပြအပ် ပါသည်။

ကျောင်းသားမိဘများ


0 comments: