Saturday, June 8, 2013

တနင်္သာရီတိုင်း ဒေသကြီး ရေရှည် တည်တံ့သော ဖွံ့ဖြိုး တိုးတက်ရေး အတွက် အဏ္က၀ါ ဇီဝမျိုးစုံမျိုးကွဲ ဆိုင်ရာ သုတေသနများနှင့် ထိန်းသိမ်း ကာကွယ်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲ မြိတ်မြို့၌ ကျင်းပ


တနင်္သာရီတိုင်း ဒေသကြီး ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဏ္က၀ါဇီဝ မျိုးစုံမျိုးကွဲ ဆိုင်ရာ သုတေ သနများနှင့် ထိန်းသိမ်း ကာကွယ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ(၇)ရက် နံနက်(၉) နာရီတွင် မြိတ် ဟိုတယ် အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 
ရှေးဦးစွာ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ သစ်တော/သတ္တု ၀န်ကြီး ဦးတင်စိုးက အမှာစကား ပြောကြားရာ တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသည် သတ္တု၊ ကျောက်မျက်၊ သစ်တောနှင့် သားငါး အစရှိ သော သဘာဝသယံ ဇာတများ အလွန် ပေါကြွယ်တဲ့ နိုင်ငံဖြစ်ပြီး ၂၈၃၂ ကီလိုမီတာ အရှည်ရှိတဲ့ တနင်္သာရီ၊ ဧရာဝတီနှင့် ရခိုင် ကမ်းရိုးတန်းသည် မြန်မာ့အဏ္က၀ါ ဇီဝမျိုးကွဲ သဘာဝ သယံဇာတများ အဓိက တည်ရှိရာ နေရာဖြစ်၍ တိုင်းရင်းသားမျိုးစုံ၏ စိတ်ဝင်စားဖွယ်ရာ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များ စုဝေးရာ အင်မတန် လှပတဲ့ ပင်လယ်ကမ်းခြေနှင့် ကျွန်းများ တည်ရှိရာ ဒေသလည်း ဖြစ်ကြောင်း၊ နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီး ဖြစ်လာစေရန် ဈေးကွက် စီးပွားရေး စနစ်ကျင့်သုံး၍ ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုများကို ဖိတ်ခေါ်လျက် ရှိကြောင်း၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် တနင်္သာရီ ကမ်းရိုးတန်းသည် ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရန် အလားအလာ အလွန်ကောင်းတဲ့ နေရာ ဒေသ ဖြစ်ကြောင်း၊ သဘာဝ သယံဇာတများကိုလည်း ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေရန် ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို မျှမျှတတ စဉ်းစား ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ယင်းနောက် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ငါးလုပ်ငန်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြသန်းထွန်းက အဏ္က၀ါဇီဝ မျိုးကွဲ သဘာဝ သယံဇာတများ ဖော်ထုတ် ထိန်းသိမ်းရေး အကြောင်းကို လည်းကောင်း၊ သားငှက် ထိန်းသိမ်း ရေးအဖွဲ့ မြန်မာနိုင်ငံ အစီအစဉ် WSC Myanmar Program မှ ဌာနေတာဝန်ခံ ဦးသန်းမြင့်က သားငှက် ထိန်းသိမ်း ရေးလုပ်ငန်းများကို လည်းကောင်း ဆွေးနွေးပြောကြားကြသည်။

ဆက်လက်၍ Associate Conservation Scientist , WSC မှ Ms Katherine Halmes က စီမံကိန်း အကြောင်းနှင့် လေ့လာ သုံသပ်ချက်များကို လည်းကောင်း၊ မြိတ်တက္ကသိုလ် အဏ္က၀ါ သိပ္မံဌာန ပါမောက္ခဌာနမှူး ဒေါက်တာ ဒေါ်နန်းမြဟန် က အဏ္က၀ါဇီဝ မျိုးကွဲဆိုင်ရာ သုတေသနများနှင့် ထိန်းသိမ်း ကာကွယ်ခြင်း အကြောင်းကို လည်းကောင်း၊ ငါးလုပ်ငန်းဦး စီးဌာန ဒုတိယ ညွှန်ကြား ရေးမှူး ဦးမြသန်းထွန်းက မြိတ်ကျွန်းစု များ၌ ဇီဝမျိုးကွဲများ ထိန်းသိမ်းကာကွယ်ကြရန် အလား အလာရှိသော နေရာများ အကြောင်းတို့ကို လည်းကောင်း Power Point ဖြင့် အသေးစိတ် အသီးသီး ဆွေးနွေး တင်ပြ ကြသည်။

ထိုနောက် အလုပ်ရုံ ဆွေးနွေးပွဲကို တက်ရောက် လာကြသူ(၈ရ)ဦးကို အဖွဲ့(၃)ဖွဲ့ခွဲ၍ အဖွဲ့လိုက် ဆွေးနွေးကြပြီး ဆွေးနွေးချက်များကို အဖွဲ့အလိုက် ပြန်လည် တင်ပြကြရာ မြန်မာအဏ္က၀ါ သိပ္မံအသင်း အဏ္က၀ါ သိပ္မံပညာရှင် ဦးတင်ထွန်းက ခြုံငုံ သုံးသပ်ပြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက အလုပ်ရုံ ဆွေးနွေးပွဲ ရလာဒ်များကို ရှင်းလင်း ပြောကြား၍ အလုပ်ရုံဆွေးနွေးပွဲကို ရုပ်သိမ်း လိုက်ကြောင်း သတင်း ရရှိသည်။ 
 
 

0 comments: