Thursday, June 20, 2013

မြိတ်မြို့၌ ကျောင်းကြို/ပို့ယာဉ် တိမ်းမှောက်မှု (၁၅) ဦး ဒဏ်ရာ အနည်းအကျဉ်း ရရှိ




၂၀၁၃ ခုနှစ် ၊ ဇွန် ၁၉ ၁၆၀၀ နာရီအချိန်တွင် မြိတ်မြို့ စန္ဒ၀တ် ကျေးရွာအုပ်စု ကျွဲကူးကျေးရွာ အထက(၆)မှ ကလွင်ကျေးရွာ အုပ်စု သံသရာအေး ဘုန်းတော်ကြီးကျောင်းသို့ ပို့ဆောင်မည့် ကျောင်းသား/သူ ၃၆ ဦး လိုက်ပါကာ ယာဉ်မောင်း မောင်မောင် (၃၅)နှစ်၊ (ဘ) ဦးစိုးမြင့် မောင်းနှင်လာသည့် သံသရာအေး ဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးသုဇာတ ပိုင်သည့် ယာဉ်အမှတ် ၃က/………….  (တောင်းအေစ့်) ကားသည် မြိတ်မြို့ ရွှေဘေး ကျေးရွာ ရှောင်ကွင်းလမ်း လမ်း အရောက်၌ ကားမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလက်ဝဲဘက်သို့ တစ်စောင်း တိမ်းမှောက်သွားခဲ့သည်။ 


ထိုသို့ တိမ်းမှောက်မှု ကြောင့် ကျောင်းသား (၅) ဦး၊ ကျောင်းသူ (၁၀) ဦး စုစုပေါင်း (၁၅) ဦး ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲပြီး မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ရာ ဒဏ်ရာ ရရှိသူ (၁၅) ဦးအနက် ကျောင်းသား (၅) ဦး ကျောင်းသူ (၈) ဦး စုစုပေါင်း (၁၃) ဦးမှာ ဒဏ်ရာ သက်သာ၍ ပြင်ပလူနာ အဖြစ် ဆေးဝါးကုသ ခံယူလျက်ရှိပြီး မအေးအေးနွယ်နှင့် မနွယ်နီဝင်းတို့ (၂)ဦးမှာ အတွင်းလူနာ (မစိုးရိမ်ရ) အဖြစ် တက်ရောက်ကုသမှု ခံယူနေရကြောင်းနှင့် ယာဉ်မောင်း မောင်မောင်အား မြိတ်မြို့ ရဲစခန်းမှ ယာဉ် (ပ) ၂၅/၂၀၁၃ ၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိပါသည်။

အဆိုပါ ကျောင်းသား ကျောင်းသား / သူများသည် မြိတ်မြို့ သံသရာအေး ဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် ကျောင်းအိပ် ကျောင်းစား တည်းခို နေထိုင်ပြီး ကျွဲကူးရွာ အထက (၆) တွင် ကျောင်းတက်နေသည့် တနင်္သာရီမြို့နယ် ၊ ကော့သောင်းမြို့နယ်၊ ဘုတ်ပြင်း မြို့နယ် ၊ ကျွန်းစုမြို့နယ် တို့မှ (၉)တန်း (၁၀) တန်း ကျောင်းသားသူများ ဖြစ်ကြောင်း သိရှိသည်။

0 comments: